ညောင်ဦးမြို့နယ်၌ Bagan Myanmar ကုမ္ပဏီ မိသားစုက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်း

ညောင်ဦး ဩဂုတ် ၄

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဩဂုတ် ၃ ရက် ညနေပိုင်း၌ Bagan Myanmar ကုမ္ပဏီ မိသားစုက လူမှုအကျိုးပြုလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြောင်း မြတ်ဒါန အောက်ဆီဂျင်အခမဲ့နှင့် လူမှုကူညီရေး ပရဟိတအသင်းဥက္ကဋ္ဌ ဦးခိုင်လင်းမောင် ထံမှ သိရသည်။

 

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းရာတွင် Bagan Myanmar ကုမ္ပဏီ မိသားစုက ညောင်ဦးမြို့၊ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ ဆေးဝါးကုသမှုခံယူလျက်ရှိသော ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာများနှင့် အခြားသော နာမကျန်းလူနာများ အောက်ဆီဂျင်လိုအပ်ချက်ရှိပါက အဆင်ပြေစွာ ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တန်ဖိုးငွေကျပ် ၃၇၈၀၀၀၀၀ တန်ဖိုးရှိ Oxygen Concentrator ၂၁ လုံး၊ အောက်ဆီဂျင်ထိုးကျသောလူနာများအတွက် ကာကွယ်ကုသရန် ငွေကျပ် ၁၄၃၀၀၀၀ တန်ဖိုးရှိ Covid Medicine အခု ၁၃၀ နှင့် ကိုဗစ်ပိုးစစ်ဆေးသည့် Test Kits အခုရေ ၃၅၀၀ စုစုပေါင်း ငွေကျပ် ၄၂၃၈၀၀၀၀ တန်ဖိုးရှိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ထောက်ပံ့လှူဒါန်းရာ မြတ်ဒါန အောက်ဆီဂျင်အခမဲ့နှင့် လူမှုကူညီရေး ပရဟိတအသင်းဥက္ကဋ္ဌ ဦးခိုင်လင်းမောင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင်(ညောင်ဦး)