ငဖဲမြို့နယ်ရှိ မန်းချောင်းနှင့် ရင်းရှည်ရေလှောင်တမံ ရေပိုလွှဲမှ ၁ ပေကျော်ခန့် ရေကျော်

ငဖဲ       စက်တင်ဘာ     ၂၈

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မန်းချောင်း ရေလှောင်တမံနှင့် ရင်းရှည်ရေလှောင်တမံ ရေပိုလွှဲများမှ စက်တင်ဘာ ၂၅ ရက်မှစ၍ ရေကျော်လျက်ရှိရာ စက်တင်ဘာ ၂၈ ရက် နံနက် နာရီ တိုင်းထွာချက်အရ  ဆည်ရေပြည့်အမှတ်ထက် ၁ ပေကျော်ခန့် ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦးထံမှ သိရသည်။

 

မန်းချောင်းရေလှောင်တမံ၏ ဆည်ရေပြည့်အမှတ်မှာ ၆၂၅ ပေဖြစ်ပြီး လက်ရှိရေအမှတ်မှာ ၆၂၆ ဒသမ ပေ ရှိသည့်အတွက် ရေပြည့်အမှတ်ထက် ၁ ဒသမ ပေနှင့် ရင်းရှည်ရေလှောင်တမံ၏ ဆည်ရေပြည့်အမှတ်မှာ ၆၀၂ ပေဖြစ်ပြီး လက်ရှိရေအမှတ်မှာ ၆၀၃ ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် ၁ ပေခန့် ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိပြီး  ရေလှောင်တမံများနှင့် ဆက်စပ်အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်း၊ စိုးရိမ်ဖွယ်ရာ အခြေအနေမရှိကြောင်းနှင့် ၂၄ နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မယု(ငဖဲ)