ငါန်းဇွန်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

ငါန်းဇွန်  စက်တင်ဘာ ၁၉

 

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လူမှုရေးပင်စင်ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ငါန်းဇွန်မြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၄)အုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၁၉၃)ဦးတို့အား နိုင်ငံတော်မှထောက်ပံ့ပေးအပ်သည့် (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ် (ဧပြီ၊ မေ၊ ဇွန်)သုံးလစာအတွက် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းကို ဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဠ ဦးမျိုးမင်းသိန်းမှ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများထံ လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် စုစုပေါင်း (၃၅၇၉ဝဝဝဝိ/-) လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။                            

သက်နောင်ဦး(ငါန်းဇွန်)