နေပြည်တော်ကောင်စီသို့ အလှူငွေများ လာရောက်လှူဒါန်း

နေပြည်တော်   ဩဂုတ် ၄

 

နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အောက်ဆီဂျင် ထုတ်လုပ်သုံးစွဲရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ဩဂုတ် ၄ ရက် မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ရဲမှူးကြီးကိုကိုလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

လှူဒါန်းပွဲတွင် ဦးစောမြသောင်းနှင့် တောင်ဖီလာစက်ရုံမိသားစုတို့မှ အလှူငွေကျပ် သိန်း ၂၀၀ ကို စက်ရုံမှ တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်း ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

MDN