မြဝတီနှင့် ကွတ်ခိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်၊  ၄  ဖေဖော်ဝါရီ

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၃ ရက် ညနေ ၆ နာရီခွဲက မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဦးလေးကြီးလမ်းတွင် ထွန်းထွန်း မောင်းနှင်လာသည့် မော်တော်ယာဉ်နှင့် ကျော်မင်းဦး မောင်းနှင်ပြီး ဇင်ဖြိုးလေး(ခ)နဂါးလေး၊ ထက်ရှိုင်းလင်း (ခ)ခွန်ထိုင်းနှင့် ဇော်သက်(ခ)လူပျိုကြီး လိုက်ပါလာသည့်  မော်တော်ယာဉ် တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်မှ Ammonium Nitrate ၂,၈၅၀ ကီလိုတို့ကိုလည်းကောင်း၊ အလားတူ ဖေဖော်ဝါရီ ၂ ရက် ည ၉ နာရီခွဲတွင် ထွန်းထွန်း ငှားရမ်းထားသည့် မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာအုပ်စု၊ ကျောက်ဂူဘုရားသွားလမ်း ဘေးရှိ ဂိုဒေါင်သို့ သွားရောက်ရှာဖွေရာ Ammonium Nitrate ၆,၈၆၀ ကီလိုကိုလည်းကောင်း၊

ယင်းနောက် ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအုပ်စု၊ နမ့်ဖတ်ကာကျေးရွာရှိ ဖုန်းမြတ်(ခ)ရန်အိန်းစင်း၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၇ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂,၈၅၀  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)