မုဒုံမြို့ အခြေခံပညာမူလတန်း(ကုက္ကိုတန်းရပ်)ကျောင်းတွင် ကလေးငယ်များအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ပညာပေးဟောပြောပွဲပြုလုပ်

မုဒုံ၊ ၁၇ ဇွန်  

      

မွန်ပြည်နယ် မုဒုံမြို့၊ မြို့မ()ရပ်ကွက်၊ အခြေခံပညာမူလတန်း(ကုက္ကိုတန်းရပ်) ကျောင်းတွင် ကလေးငယ် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက ပြုလုပ်ကျင်းပသည်။

  

ဟောပြောပွဲတွင် မုဒုံမြို့နယ် ကျန်းမာရေးဦစီးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ချိုချိုဝင်းက တစ်ကိုယ်ရေ သန့်ရှင်းရေးကိစ္စရပ်များ၊ သွေးလွန်တုပ်ကွေး ရောဂါအကြောင်းနှင့်ပတ်သက်၍ လည်းကောင်း၊ ကျောင်းလူမှုဆက်ဆံရေးမှူး ဒေါ်ဆွေဆွေ လွင်က သွားနှင့်ခံတွင်း သန့်ရှင်းရေးကိစ္စရပ်များ အကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းချက်များကိုလည်ကောင်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့  ဦးစီးအရာရှိ ဒေါ်မြင့်မြင့်အေးက ဆိုးဆေးပါသော အစားအစာများအကြောင်းကို လည်ကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။

 

 ထို့နောက် မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများ၏  ကျန်းမာရေးအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဆိုပါ ဟောပြောပွဲသို့  ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၅၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)