မန်တုံမြို့တွင် (Mask)မတပ်သူများအား (Mask)ဝေငှ၍ အသိပညာပေးခြင်းနှင့် ဈေးဆိုင်များ လိုက်လံစစ်ဆေး

မန်တုံ အောက်တိုဘာ ၁၈

 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်ရှိကုန်စုံဆိုင်၊ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ  ယနေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့နှင့်မန်တုံ ပြည်သူ့စစ်( ဌာနေ)ပူးပေါင်းအဖွဲ့က လိုက်လံစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

           

ထိုသို့စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းဦးဆောင်၍ ပြန်/ဆက် ဦးစီးဌာန၊ လျှပ်စစ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပညာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မန်တုံပြည်သူ့စစ် (ဌာနေ)ပူးပေါင်းအဖွဲ့က မြို့မရပ်ကွက်တွင်းသို့ အဖွဲ့(၂)ဖွဲ့ခွဲ၍ အများ ပြည်သူသွားလာကြသည့် ကုန်စုံဆိုင်၊ ဈေးဆိုင်၊ စားသောက်ဆိုင်နှင့် ကွမ်းယာဆိုင်များအား ဆိုင်ရှေ့ ခြောက်ပေအကွာ ကြိုးတန်း၍ အဝင်ဝတွင် လက်ဆေးရည်(Hand Gel)များ ထားရှိစေရေး၊ ဈေးဝယ်သူနှင့် ရောင်းသူများလဲ နှာခေါင်းစည်း(Mask)တပ်ဆင်၍ ခြောက်ပေအကွာတွင် ပြောဆိုကာ ဈေးဝယ်/ရောင်းချပြုလုပ်စေရေး၊ လူစုလူဝေးမဖြစ်စေရေးနှင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဈေးရောင်းချမှုကို နံနက်၆နာရီမှ မွန်းတည့်၁၂နာရီ ထိသာ အချိန်သတ်မှတ်ရောင်းချစေရေး စစ်ဆေးမှာကြားခြင်း၊ နှာခေါင်းစည်း(Mask) မတပ်သူများအား (Mask)ဝေငှ၍ (Mask)တပ်ဆင်ရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ထို့အတူ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကိုလည်း ဆိုင်ထိုင်၍ စားသောက် သုံးဆောင် ခြင်းများ ခွင့်မပြုတော့ဘဲ ပါဆယ်စနစ်(Take Away)ဖြင့်သာ ရောင်းချစေရန် အသိပေး လမ်းညွှန်မှာကြားခဲ့ကြပြီး အဆိုပါ လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ဆိုင်များအား တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးကာလ အောက်တိုဘာ၁၃ရက်မှအောက်တိုဘာ၂၂ထိ ကန့်သတ်ထားပြီး နေ့စဉ်ပူးပေါင်းအဖွဲ့မှ အလှည်ကျ ဆက်လက် စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

မန်တုံ(ပြန်/ဆက်)