မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်

ဒါရိုက်တာ အေဝမ်းမောင်တင်ယုနှင့် ရုပ်ရှင်စကားဝိုင်း

 

(ဒီဇင်ဘာ ၁၇ ရက် ၂၀၁၉ မှ အဆက် )

ဦးတင်ယု ။ ။ ၁၉၆၉ ခုနှစ်ကျတော့ 'နန်းတွင်းအရေးတော်ပုံ'။

ကြည်စိုးထွန် ။ ။ 'နန်းတွင်းအရေးတော်ပုံ'က တကယ့်ဂန္ထဝင်ကားလို့ဆိုရမယ်။

ပိုင်ရှင်ဆိုရင် တစ်ခါတည်းကို အသက်တောင်ပေးသွားရတဲ့ ကားပါ။ ဆရာ အဲဒီကားမှာ ရိုက်ထားတာတွေကလည်း တချို့ဟာတွေက ဆရာ ဝိုင်းကူရိုက်ပေးရတာ၊ ဆရာ့နာမည်နဲ့ပဲ ရိုက်တာနော်။

ဦးတင်ယု ။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း ။ ။ ဆရာ့နာမည်နဲ့ ရိုက်တယ်၊ ဇာတ်ညွှန်းကဦးဉာဏဆိုတော့

တော်တော်ကောင်းတဲ့ ကားပါ၊ ကျွန်တော်တို့ကြည့်လိုက်ရ သေးတယ်၊ ဆေးရောင်စုံ။ အခုပြန်ရှာတော့ မတွေ့တော့ဘူး၊ အဲဒီကားက ကျွန်တော်တို့ အဖြူ၊ အမည်းလည်း ပြန်ကြည့်ရသေးတယ်။

ဦးတင်ယု ။ ။ အဖြူ၊ အမည်းက ပပ်ကြားအက်နေတယ်။ ကာလာက

တော့ တော်သေးတယ်။

ကြည်စိုးထွန်း ။ ။ မန္တလေးနန်းရှေ့မှာ ပေါ့နော်။ နန်းတော်ရှေ့မှာ အဲဒီမှာ

စစ်သူကြီးတွေ ဘာတွေ စကားပြောတဲ့အခန်းလေး သိပ် သဘောကျတာ။ ကျွန်တော်က ရုပ်ရှင်သမားဖြစ်လာတော့ အဲဒီအချိန်မှာ ကြည့်လိုက်တဲ့အခါကျတော့ ဆရာ camera trick နဲ့ ရိုက်ထားတာ ကျွန်တော် သိတယ်။ သိတော့ အံ့ဩတာပေါ့နော်။ အဲဒီအချိန်မှာ ဒီနန်းတွင်းကလည်း ဒီနန်းတော်ကြီးက မဆောက်ရသေးဘူး။ မဆောက်ရသေးခင်မှာ ဆရာ ရိုက်ထားတာ အဲဒါသိပ်ကောင်းတာပဲ။ တကယ်လို့ရရင်တော့ အဲဒါလေး သိပ်ပြဖို့ကောင်းတာပေါ့။

ဦးတင်ယု ။ ။ Black and White ကျတော့ ပတ်ကြားအက်တွေ။

ကြည်စိုးထွန်း ။ ။ ဟုတ်တယ် မကောင်းတော့ဘူး။

ဦးတင်ယု ။ ။ ကာလာကျတော့ yellow stain ပေါ့။ တော်သေးတယ်။

yellow stain ကျတော့ လက်၊ လူလည်းမထိဘူးပေါ့။

ကြည်စိုးထွန်း ။ ။ အဲဒါ ဂျပန်မှာသွားလုပ်ရတာနော်။

ဦးတင်ယု ။ ။ ဂျပန်မှာ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ငါးချီ။

ဦးတင်ယု ။ ။ 'ပျော်ပျော်ရွှင်ရွှင် ကြင်ကြင်နာနာ'။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ဆရာ ဒါလည်းဆရာတို့ မြနန္ဒာထွက်တာပဲနော်

ညွန့်ဝင်း၊ ဒေစီကျော်ဝင်း။

ဦးတင်ယု ။ ။ ၁၉၇၁ ခုနှစ်ကျတော့'စိတ်လှသူ'။

ကြည်စိုးထွန်း ။ ။ 'စိတ်လှသူ' မောင်ကိုဦးနဲ့။

ဦးတင်ယု ။ ။ ၁၉၇၂ ခုနှစ်ကျတော့ 'ပုစ္ဆာဆံသော မိန်းကလေး'။

ကြည်စိုးထွန်း ။ ။ အို ပုစ္ဆာဆံသော ...မိန်းကလေး သီချင်းတွေကတော့ တကယ်

ကောင်းတာပဲနော်။

ဦးတင်ယု ။ ။ ဇော်ဝမ်းနဲ့။

ကြည်စိုးထွန်း ။ ။ ဇော်ဝမ်းနဲ့ ဟုတ်တယ် မြတ်မွန်၊ အေးအေးသင်း။

ဦးတင်ယု ။ ။ ၁၉၇၇ ခုနှစ်ကျတော့ 'နေရာတိုင်းမှာ သူ့တမျက်နှာ'၊ နောက်

'မေတ္တာဘုံသို့ တခေါက်လေ'၊ 'မေတ္တာဘုံသို့ တခေါက်လေ' မှာ ဆေးရောင်စုံ နှစ်ပိုင်းပါတယ်။

ကြည်စိုးထွန်း။ ။ ဪ ဆေးရောင်စုံနှစ်ပိုင်း ပါတယ်။

ဦးတင်ယု ။ ။ နောက် 'မင်းဘယ်ပြေးမလဲ မိချိုသဲ'။

ကြည်စိုးထွန်း ။ ။ ဝင်းဦးနဲ့ စန္ဒာနဲ့ 'မင်းဘယ်ပြေးမလဲ မိချိုသဲ'။

ဦးတင်ယု ။ ။ ၁၉၇၈ ခုနှစ်ကျတော့ 'ဆုတောင်းတိုင်းသာပြည့်ချင်တယ်'။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ဆရာ လင်းထင်နဲ့။

ဦးတင်ယု ။ ။ သီရိကေခိုင်ကို မင်းသမီးတင်ရိုက်တာ။ ၁၉၈၁ ခုနှစ် ကျတော့

'ဇာတိသွေး'၊ ဦးတင်မောင်ရိုက်တာကို ကူရိုက်ပေးတာ။

ကြည်စိုးထွန်း ။ ။ ကူရိုက်ပေးတာ။ ဝင်းဦးနှစ်ကိုယ်ခွဲ ဆွေဇင်ထိုက်နဲ့။

ဦးတင်ယု ။ ။ ၁၉၈၃ ခုနှစ်မှာ ' ချစ်တဲ့ရက်ကိုကြိုနေမယ်'။ အဲဒီမှာ

ဘာထူးခြားလဲ သတိထားမိသလား။

ကြည်စိုးထွန်း ။ ။ သတိထားမိတယ်ဆရာ၊ မင်းသား မင်းသမီးတွေအများကြီး။

ဦးတင်ယု ။ ။ အကယ်ဒမီ (၃၃) ယောက်။ အကယ်ဒမီမရတဲ့လူမပါဘူး။

ဦးတင်ယု ။ ။ ၁၉၈၇ ခုနှစ် ကျတော့ 'လွမ်းနေမယ်မမ'။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ နာမည်ကြီးပဲဆရာ ကျော်ဟိန်းနဲ့ပဲ။ ဆရာ့ညီနဲ့

ပေါ့နော်ဆရာ။

ဦးတင်ယု ။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း ။ ။ ဆရာ့ညီလေးနဲ့။

ဦးတင်ယု ။ ။ အဲဒီမှာရုပ်ရှင်ကို MTV လို မရိုက်ရဘူး။ ကျွန်တော်က အဲဒီမှာ

MTV လိုရိုက်ထားတယ် ။

ကြည်စိုးထွန်း ။ ။ ဪ MTV လို ရိုက်ထားတယ်။ ဟုတ်ကဲ့ဆရာ

ရိုက်ကတည်းက ထူးတာပေါ့နော်ဆရာ။ ၁၉၈၇ ခုနှစ်

လောက်က ကျော်ဟိန်း၊ ချိုပြုံး၊ ဆွေဇင်ထိုက်။

ဦးတင်ယ ။ ။ ပိုက်ဆံအရဆုံးကား။ ၁၉၈၇ ခုနှစ်ထဲမှာ လူအဝင်ဆုံး

ကားပဲ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ဆရာ။

ဦးတင်ယု ။ ။ မြန်မာရုပ်ရှင်ခေတ်သုံးခေတ် ၁၉၉၀ ပြည့်နှစ်ကျတော့

'ဝင်္ကဘာထဲကတို့နှစ်ယောက်'။

ကြည်စိုးထွန်း ။ ။ ' ဝင်္ကဘာထဲကတို့နှစ်ယောက် ' ကျော်ဟိန်းပဲဆရာ၊

ဆရာ့ညီနဲ့ပဲနော်။

ဦးတင်ယု ။ ။ ညောင်ရမ်းကို ခေတ်ပြန်လုပ်ပြီးရိုက်တာလေ။

ကြည်စိုးထွန်း ။ ။ ဪ 'ညောင်ရမ်းညီနောင်'က ရာဇဝင်ကား၊ ' ဝင်္ကဘာ

ထဲကတို့နှစ်ယောက် ' ကျတော့ ခေတ်ကား ဟုတ်ကဲ့ဆရာ။

ဦးတင်ယု ။ ။ ၁၉၉၁ ခုနှစ် ကျတော့ 'ချစ်လို့'။

ကြည်စိုးထွန်း ။ ။ ရန်အောင်နဲ့ ဇင်မာဦးနဲ့။

ဦးတင်ယု ။ ။ အဲဒီတော့ ဗီဒီယိုတွေ ပေါ်လာပြီ။

ကြည်စိုးထွန်း ။ ။ ဗီဒီယိုပေါ်လာပြီ။ ဗီဒီယိုခေတ်ထိအောင် ရောက်လာ

ပြီနော်ဆရာ။

ဦးတင်ယု ။ ။ ဗီဒီယို ' စာခြောက်ရုပ်ချစ်သူ'။

ကြည်စိုးထွန်း ။ ။ ' စာခြောက်ရုပ်ချစ်သူ 'တို့'၊ ရွှေတောင်ပံနှင့် ပျံသည့်ငှက်'

တို့ရိုက်တာ၊ အဲဒါ ဗီဒီယိုတွေချည်းပဲနော်ဆရာ။

ဦးတင်ယု ။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း ။ ။ 'ညအခါလသာသာ' ၊ 'မင်းဘယ်ပြေးမလဲမိချိုသဲ' ကို

ပြန်ရိုက်တယ်။ အရင်က ဝင်းဦးနဲ့ရိုက်တာကို အခု ရန်အောင်နဲ့ ပြန်ရိုက်တယ် ။ နောက် 'အကျော်အမော်' လည်းအရင်က ဦးခင်မောင်တို့၊ ကြည်ကြည်ဌေးတို့နဲ့ရိုက်တာကို ကျော်ရဲအောင်နဲ့ဇင်မာဦးနဲ့ ပြန်ရိုက်တယ်၊ 'ချစ်သလားမုန်းသလားပြောပါလား ' နောက်ကားက။ ဦးတင်ယု ။ ။ မောင်လွင်မိုးကို ရိုက်ပေးတယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ဆရာ 'မမကိုချစ်တယ်'၊ 'မြတဘက်' ပြန်ရိုက်

တာနော်ဆရာ။ ထွန်းလုံရှိန်နဲ့ ဝါဝါအောင်နဲ့ ပြန်ရိုက် တယ်၊ ၁၉၉၃ ခုနှစ်မှာ။ ၁၉၉၅ ခုနှစ် ကျတော့ ရုပ်မြင်သံကြားမှာ မြဝတီမှာ ဆရာ အမှတ်စဉ် (၂) သင်ပေးရတယ်။ ၁၉၉၆ ခုနှစ်မှာတော့' မေ့နိုင်စွမ်းစေ' ကားကြီး။ ရန်အောင်၊ မေသန်းနုနဲ့ ဇေယျာတို့နဲ့ 'မေ့နိုင်စွမ်းစေ' ဆိုတဲ့ကား ရိုက်တယ်၊ ၁၉၉၆ ခုနှစ်မှာ ရုံတင်တယ်။ နောက်ကျတော့ မြဝတီရုပ်သံကနေ တစ်မျက်နှာဇာတ်လမ်းတွေပေါ့။

ဦးတင်ယု ။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း ။ ။ အခုတစ်မျက်နှာ တစ်ကွက်စာ ဆိုတာပေါ်နေတာ ဆရာ

ဟိုးတုန်းကတည်းက ဒါတွေရိုက်နေတာပဲနော် ဆရာ။

ဦးတင်ယု ။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း ။ ။ ၁၉၉၆ ခုနှစ်ကတည်းက ဒီ တစ်မျက်နှာ တစ်ကွက်စာဆိုတဲ့

သဘောလေးတွေ ဆရာ ရိုက်လာတာအများကြီးပါ။ ၁၉၉၇ ခုနှစ် ကျတော့ ဂျပန်နဲ့ အဆက်အသွယ်ဖြစ်ပြီးတော့ ဆရာ 'သွေး' ဆိုတဲ့ကားကို ဝိုင်းပြီးတော့ စလုပ်ပေးရတာ။ ၁၉၉၇ ခုနှစ်ကစပြီးတော့ ဆရာလုပ်ပေးတာ ၁၉၉၈ ခုနှစ် ထိလိုက်ပြီးတော့ ရိုက်ပေးရတယ်။ မြန်မာဘက်က ဒါရိုက်တာ အနေနဲ့ ဆရာလိုက်ရိုက်ပေးရတယ်။

ဦးတင်ယု ။ ။ အဲဒီမှာ သူတို့လုပ်တဲ့နည်းလေးတစ်ခု သဘောကျတယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ဆရာ။

ဦးတင်ယု ။ ။ အားလုံးက ရိုက်ဖို့ အစီအစဉ်လုပ်တော့မယ်၊ ဇာတ်ညွှန်းတွေ

ကိုယ့်ဟာကိုယ်ကိုင်၊ ဇာတ်ညွှန်းအစည်းအဝေးကြီးလုပ်တာ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ဆရာ။

ဦးတင်ယု ။ ။ တစ်ကနေစပြီးတော့ ဖတ်ပြီးတော့ ကြိုက်ပလား အားလုံး

ပြင်စရာရှိရင်ပြင်ပါ။ နောက်မှ ရိုက်ကွင်းထဲလာမပြင်နဲ့။

ကြည်စိုးထွန်း ။ ။ ဪ ဟုတ်ကဲ့ဆရာ။

ဦးတင်ယု ။ ။ စကားတွေလည်း ပြောခိုင်းတယ်။ စကားတွေကြိုက်ပြီလား။

ကြည်စိုးထွန်း ။ ။ ဪ ဒိုင်ယာလော့ခ်တွေ။

ဦးတင်ယု ။ ။ အဲဒီမှာ ရိုက်ကွင်းပေါ်မှာ တစ်ခု ပြဿနာဖြစ်သွားတာ။

ခုံပေါ်မှာတုန်းက ဟုတ်ကဲ့လို့ပြောတာ ရိုက်ကွင်းမှာက ဟုတ်ကဲ့ခင်ဗျ ။

ကြည်စိုးထွန်း ။ ။ ဪ ဒီလောက်ပြောင်းသွားတာ။

ဦးတင်ယု ။ ။ အမ်း အဲဒါကိုဂျပန်က ခင်ဗျားဟိုတုန်းက ဟုတ်ကဲ့ပဲပြော

တယ်၊ ဘာလို့ ဟုတ်ကဲ့ခင်ဗျဖြစ်သလဲ အဓိပ္ပာယ်အတူတူပဲ လား၊ ဘာကြောင့်လဲ၊ အဲဒီမှာ ပိုယဉ်ကျေးအောင်ဖြစ်သွားတာပါ ပြောပြမှ ခင်ဗျတောင်ပိုလို့မရဘူး။

ကြည်စိုးထွန်း ။ ။ ဪ တိကျတယ်နော်။ ဇာတ်ညွှန်းထဲမှာ ဟုတ်ကဲ့ဆိုရင်

ဟုတ်ကဲ့ပဲ၊ ဟုတ်ကဲ့ခင်ဗျမပြောနဲ့။

ဦးတင်ယု ။ ။ အစည်းအဝေးမှာ ပြင်ရင်ပြင်။

ကြည်စိုးထွန်း ။ ။ team work ပေါ့နော်။ team work ရယ်၊ နောက်

preparation ပေါ့နော်၊ ကြိုတင်ပြင်ဆင်မှု သူတို့က သိပ်လုပ်တာပဲ၊ သိပ်ကောင်းတာပဲ။

ဦးတင်ယု ။ ။ ဇာတ်ညွှန်းပြီးတော့ ဘာလဲ၊ အဝတ်အစား။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ဆရာ costume တွေ။

ဦးတင်ယု ။ ။ Scene One မှာ သူတို့မင်းသမီးက ဒါဝတ်ပါမယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

ဦးတင်ယု ။ ။ ဒီဘက်က ဘာပြောချင်လဲဆိုတော့ ပြောချင်တယ်။ မင်းတို့

မင်းသမီးဆောင်းတဲ့ ဦးထုပ်က ၁၉၆၃ ခုနှစ်ကဟာ မဟုတ်ဘူး။

ကြည်စိုးထွန်း ။ ။ ဪ ဟုတ်ကဲ့ဆရာ။

ဦးတင်ယု ။ ။ ချက်ချင်းပြောင်းပြီးဆောင်းခိုင်းတာ၊ ဦးထုပ်ပြောင်းတာ

ကြိုက်ပြီလား၊ မင်းတို့ မင်းသားတွေလည်း အဝတ်အစားတွေ ဝတ်ခိုင်းတယ်၊ ကျွန်တော့်ဘက်ကကြည့်၊ ဒါရိုက်တာကြည့် ကြိုက်တဲ့ အဝတ်အစားဟုတ်ပြီ။

ကြည်စိုးထွန်း ။ ။ ခေတ်နဲ့ လျော်ညီအောင်။

ဦးတင်ယု ။ ။ Scene ဘယ်လောက်လဲ အဝတ်အစားတွေပေးပါ။

ကြည်စိုးထွန်း ။ ။ တစ်ခါတည်း ယူထားလိုက်တယ်။

ဦးတင်ယု ။ ။ တစ်ခါတည်း ယူထားလိုက်တယ်။

ကြည်စိုးထွန်း ။ ။ ရိုက်ခါနီးတော့မှ ထုတ်ပေးတယ်။

ဦးတင်ယု ။ ။ ဝတ်ပြရတယ်လေ။

ကြည်စိုးထွန်း ။ ။ ဝတ်ပြပြီးတော့ ကျေနပ်ပြီ၊ အားလုံးက ကျေနပ်ပြီဆို ဒီအဝတ်

အစားကို ကုမ္ပဏီကတစ်ခါတည်းယူထားလိုက်တယ်။

ဦးတင်ယု ။ ။ အင်း။

ကြည်စိုးထွန်း ။ ။ Costume အဖွဲ့ကဖြစ်ဖြစ် ယူထားလိုက်တယ်၊ ရိုက်မယ့်

အချိန်ကျမှ ထုတ်ပေးတယ်။

ဦးတင်ယု ။ ။ ရိုက်တဲ့နေ့ကျ မင်းသား မင်းသမီးကမလိုဘူးလေ။ ကားကြီးမှာ

တန်းတွေနဲ့ ချိတ်ပေးထားတယ်။ ဘယ် Scene ဆိုတာနဲ့ ဟိုကပေးလိုက်တာ။ ၁၉၉၈ ခုနှစ်မှာ ရုပ်ရှင်အစည်းအရုံးက သရုပ်ဆောင်သင်တန်း။

ကြည်စိုးထွန်း ။ ။ တည်းဖြတ်သင်တန်းတွေကတော့ ဆရာတို့က မပါမဖြစ်ပေါ့

ဆရာ။ နောက်ကျတော့ ဆရာ ၂၀၀၀ ပြည့်နှစ်ကျော်တဲ့အခါကျ တော့ ထွန်းအိန္ဒြာဗိုလ်တို့၊ နောက် ကင်မရာမန်း နိုင်နုရှိန်တို့ အကယ်ဒမီ ရသွားတဲ့ ' မိုးကုပ်စက်ဝိုင်းကိုကျော်လွန်၍' ဆရာရိုက်တာထင်တယ်။

ဦးတင်ယု ။ ။ ဟုတ်တယ်၊ ကင်မရာမန်းကို မင်းအကယ်ဒမီရအောင်

ငါလုပ်ပေးမယ်လို့ ပြောခဲ့တယ်။

ကြည်စိုးထွန်း ။ ။ ဪ ဟုတ်ကဲ့၊ ဖထီးဖထီး နိုင်နုရှိန်ပေါ့။

ဦးတင်ယု ။ ။ ဒီလိုကားမျိုးမှာမှ lighting က ကစားလို့ကောင်းတာ။

ကြည်စိုးထွန်း ။ ။ဟုတ်ကဲ့ ကောင်းပါတယ်ဆရာ။ အဲဒီမှာ lighting တွေ

အတော်ကောင်းတာပဲ၊ 'မိုးကုပ်စက်ဝိုင်းကို ကျော်လွန်၍' ကိုခင်မောင်စိုးတို့ဆီက ထုတ်လုပ်သူနေရှင်နယ်နက်ဝက်က ထင်တယ်နော်ဆရာ၊ အဲဒီမှာလွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်နဲ့ ခိုင်သင်းကြည်ပါကြတော့ ထွန်းအိန္ဒြာဗိုလ်က လည်း တော်တော်ကောင်းတာဆရာ။ ဆရာရိုက်ပေးတဲ့ အဲဒီကားက အကယ်ဒမီ နှစ်ယောက်ရသွားတယ်နော်ဆရာ။ နောက်ကျတော့ ကျွန်တော်တို့နဲ့ တောင်မှ အဲဒီကားက အိန္ဒိယတွေ ဘာတွေလိုက်ပြလိုက်သေးတယ်ဆရာ၊ ကိုခင်မောင်စိုးတို့၊ လွင်မိုးတို့လည်းပါတယ်၊ ကိုအောင်လွင်ကြီးလည်းပါသေးတယ်၊ အဲဒီမှာသွားပြကြသေးတယ်၊ အိန္ဒိယ မွမ်ဘိုင်းပေါ့ဆရာ၊ ဘုံဘေပေါ့၊ ဘုံဘေမှာ သွားပြကြသေးတယ်ဆရာ။

ဦးတင်ယု ။ ။၂၀၀၃ ခုနှစ် ဂျပန်မှာ ဖွင့်ပွဲလုပ်တယ်၊ ဒါဆို ဒါခြောက်ခါ ရှိပြီပေါ့။

ကြည်စိုးထွန်း ။ ။ခြောက်ကြိမ်မြောက် ဂျပန်သို့ရောက်ခြင်းပေါ့ဆရာ။

စကားဝိုင်းကလည်း ကျွန်တော်တို့ စလိုက်တာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်လောက်ကတည်းက စလာတဲ့ စကားဝိုင်းပေါ့ ဆရာရယ်၊ ဆရာဆိုရင် ၁၉၂၀ ပြည့်နှစ်မှာ မွေးတာဆိုတော့ ၂၀၀၉ ခုနှစ်ဆိုတော့ ရှစ်ဆယ်နဲ့ ကိုးနှစ် ရှိသွားပြီ။ အဲဒီအတောအတွင်းမှာ ဆရာဖြတ်သန်းလာရတဲ့ ရုပ်ရှင် အတွေ့အကြုံပေါ့လေ၊ နောက် ဗီဒီယိုပေါ့၊ ဗီဒီယိုခေတ်ထိအောင် ဆရာဆက်ပြီး တော့ တစ်ခါလုပ်နေရတာ၊ အသံတိတ်ခေတ်၊ အသံတိတ်ခေတ်ကနေပြီး သံစုံသွင်းခေတ်၊ သံစုံသွင်းခေတ်ကနေပြီးတော့ အသံထွက်ခေတ်၊ အသံထွက် ခေတ်မှာမှ မြင်ကွင်းကျယ်တွေရိုက်ဖူးတယ်၊ နောက် ဆေးရောင်စုံတွေရိုက်ဖူးတယ်၊ ဆရာရိုက်ပြီးတော့ ဖြတ်သန်းလာခဲ့တာ ဒီဘက် ဗီဒီယိုခေတ်နော်၊ ရုပ်ရှင်ထဲမှာ တောင်မှ MTV ပုံစံမျိုး ဆရာကလည်း တစ်ခါ 'လွမ်းနေမယ်မမ'မှာ ရိုက်ဖူးတယ်၊ အဲဒီလိုလာလိုက်တာ ကျွန်တော်တို့က ခေတ်တွေခေတ်တွေကို အများ ကြီးဖြတ်သန်းပြီးတော့ လာလိုက်တဲ့အခါကျတော့ ဆရာနဲ့ကျွန်တော်နဲ့ ပြောနေ တဲ့အပိုင်းမှာ ရုပ်ရှင်ရဲ့ဖြတ်သန်းလာရတဲ့ မြန်မာရုပ်ရှင်ရဲ့ တစ်သက်တာကိုလည်း ပရိသတ်လည်း တော်တော်များများ သိလာကြပါပြီ။

ဦးတင်ယု ။ ။မျိုးဆက်သစ်ကို ကျွန်တော် ပြောချင်တာ တစ်ခုရှိတယ်။

ကြည်စိုးထွန်း ။ ။ဟုတ်ကဲ့ဆရာ။

ဦးတင်ယု ။ ။အဲဒါဘယ်သူမှမပြောဘူး၊ ရုပ်ရှင်မှာမရှိတဲ့ စကားတွေကို

သုံးတာ။

ကြည်စိုးထွန်း ။ ။ဟုတ်ကဲ့။

ဦးတင်ယု ။ ။Pan Up Pan Down ဆိုတာမရှိဘူး။

ကြည်စိုးထွန်း ။ ။ဪဟုတ်ပြီဆရာ၊ ရုပ်ရှင်ဝေါဟာရနဲ့ပတ်သက်လာရင်

မှားနေတာတွေကို ဆရာပြုပြင်ပေးချင်တာ။

ဦးတင်ယု ။ ။Pan Up Pan Down ကိုသုံးတုန်းရှိသေးတယ်။

ကြည်စိုးထွန်း ။ ။ဟုတ်ကဲ့ဆရာ။

ဦးတင်ယု ။ ။Tilt Up Tilt Down ဖြစ်ရမယ်။

ကြည်စိုးထွန်း ။ ။ဟုတ်ကဲ့ပါဆရာ။

ဦးတင်ယု ။ ။နောက်တစ်ခု ယောက်ျားလူကြမ်းကိုဘာခေါ်တယ်။

ကြည်စိုးထွန်း ။ ။Villain ပါဆရာ။

ဦးတင်ယု ။ ။မိန်းမလူကြမ်းကော။

ကြည်စိုးထွန်း ။ ။Vamp ဆရာ။

ဦးတင်ယု ။ ။မိန်းမလူကြမ်းကို ပေါက်စမင်းသမီးလေးတွေက ကျွန်မ

Villain လုပ်ချင်တာ Villain ကိုအခုခေတ်က မမုန်းတော့ဘူး၊ အဲဒီတော့ Villain လုပ်ချင်တယ် ပြောနေတယ်။ Vamp လုပ်ချင်တယ်ပြောရမှာ။

ယောက်ျားလေးကလည်း ကျွန်တော်က Vamp လုပ်ချင်တယ်ပြောကြတယ်။

အဲဒါဘယ်သူမှ ပြင်မပေးကြဘူး။

ကြည်စိုးထွန်း ။ ။ဟုတ်ပါတယ်ဆရာ၊ ဒီရုပ်ရှင်ဝေါဟာရတွေနဲ့ပတ်သက်ပြီး

တော့ လွဲနေတာတွေက တော်တော်များများ ရှိပါတယ်ဆရာ၊ ဆရာ ပြင်ပေးတာအလွန်ကောင်းပါတယ်။ တခြားဘာများ ရုပ်ရှင်မျိုးဆက် သစ် လောကသားတွေအပေါ်မှာ ဘာများမှာကြားချင်ပါသေးလဲ။

ဦးတင်ယု ။ ။ရုပ်ရှင်များများရိုက်ကြရင်း ရုပ်ရှင်ကြီးကိုမပျောက်အောင်

ထိန်းပေးကြပါလို့။

ကြည်စိုးထွန်း ။ ။ရုပ်ရှင်လည်းရိုက်ကြပါ၊ မပျောက်အောင်လည်းထိန်းကြပါ၊

ရုပ်ရှင်ကြည့်ပရိသတ်အနေနဲ့ကလည်း။

ဦးတင်ယု ။ ။ရုပ်ရှင်များများကြည့်ကြပါ။

ကြည်စိုးထွန်း ။ ။ရုပ်ရှင်များများကြည့်ကြပါ၊ ရုံခတွေလည်းလျှော့ပြီးတော့၊

ခရီးစရိတ်တွေလည်းနည်းပြီးတော့ အဲဒီလိုအခြေအနေနဲ့ကြည့်နိုင်တဲ့ဟာဖြစ်ပါစေလို့ ဆရာနဲ့ ကျွန်တော်နဲ့က ဆုတောင်းရင်းနဲ့ ရုပ်ရှင် လောကကြီးလည်း အဓွန့်ရှည်ပါစေလို့ ဆန္ဒပြုရင်းနဲ့ ကျွန်တော်တို့ရဲ့ စကားဝိုင်းလေးကို ဒီမှာတင်ပဲ အဆုံးသတ်လိုက်ကြရအောင်ပါဆရာ ကျေးဇူး တင်ပါတယ်။ ဒီလိုကျန်းမာရေး၊ အသက်အရွယ်ကြီးနေတဲ့အချိန်မှာတောင်မှ ဆရာဟာ ပျော်ပျော်ပါးပါးနဲ့ ဒီစကားဝိုင်းကို ပျော်ပျော်ရွှင်ရွှင် လန်းလန်း ဆန်းဆန်း တက်တက်ကြွကြွ ဆွေးနွေးသွားတဲ့အတွက် အထူးကျေးဇူးတင် ပါတယ် ဆရာ၊ နောင်လည်းဆွေးနွေးပါဦးမယ်ဆရာ၊ ကန်တော့ပါတယ်ဆရာ၊ ကျေးဇူးတင်ပါတယ်။

ဦးတင်ယု ။ ။သာသနာပြုနိုင်ပါစေ။

ကြည်စိုးထွန်း ။ ။ဟုတ်ကဲ့ပါဆရာ။ ။

ကြေးမုံ