မြန်မာနိုင်ငံတော်ဗဟိုဘဏ် (၆၉) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

‌နေပြည်တော် ဇွန် ၁၇

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၆၉)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနတွင်းဝန်ထမ်းများ အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် (နေပြည်တော်) ဝင်းအတွင်း ယနေ့ကျင်းပသည်။

အားကစားပြိုင်ပွဲများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်နှင့် ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးအောင်အောင်၊ ဒေါ်တင်မိုးမိုး၊ ဦးဝင်းမြင့်၊ ဦးမျိုးမင်း၊ ဒေါ်ခိုင်ရွှေဝါနှင့် အရာထမ်းများ/အမှုထမ်းများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ယနေ့ယှဉ်ပြိုင်ပွဲများအဖြစ် အုပ်စုအဆင့် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား ကြက်တောင်ရိုက် ပြိုင်ပွဲ၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၆၉) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲများ၊ အမျိုးသမီးထုပ်စည်းတိုးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲများ၊ ကြက်တောင်ပြိုင်ပွဲများ၊ လွန်ဆွဲပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။  

(သတင်းစဉ်)