မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆို လမ်းလျှောက်ပြိုင်ပွဲကျင်းပ

နေပြည်တော်  စက်တင်ဘာ  ၁၉

 

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ (၁)ရက်တွင် ရောက်ရှိမည့် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လောက်ကိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူး ငြိမ်းချမ်းအေး ဦးစီးတပ်ဖွဲ့ဝင်များ၊ ရဲစခန်းမှူးများ၊ အမှတ်(၂၁) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ အမှတ်(၁၇)မှုခင်းရဲတပ်ဖွဲ့စိတ်၊ အမှတ်(၁၆)သတင်းရဲတပ်ဖွဲ့စု၊ အမှတ် (၁)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်၊ အမှတ်(၂၁)မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ အမှတ်(၁၂၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုများမှ  ရဲအုပ်အဆင့်နှင့် အထက်အရာရှိများအား စုစည်း၍ ယမန်နေ့ နံနက် ၅ နာရီခွဲက လောက်ကိုင်မြို့၊ ရင်ဖုန်းဝိုင်းမှ တောင်ညီနောင် အသွား-အပြန် အကွာအဝေး(၅)မိုင် “လမ်းလျှောက်ပြိုင်ပွဲ” ကျင်းပခဲ့ပြီး (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိ သူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား၌ ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

(ကိုကိုဇော်)