မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်က မြန်မာကျပ်ငွေဆိုင်ရာ ဘဏ်လုပ်ငန်းများကို တိုးချဲ့ဝန်ဆောင်မှု ပေးလျက်ရှိ

mdn

နေပြည်တော် ၁၆ ဇန်နဝါရီ

 

မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်သည် အစိုးရဌာန/ လုပ်ငန်း အဖွဲ့အစည်းများအတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု ပေးလျက်ရှိသကဲ့သို့ ပုဂ္ဂလိက ကဏ္ဍကိုလည်း ဝန်ဆောင်မှု ပေးလျက်ရှိသည်။ ယခုအခါ နိုင်ငံခြားငွေဆိုင်ရာ ဘဏ်လုပ်ငန်းများအပြင် မြန်မာကျပ်ငွေဆိုင်ရာ ဘဏ်လုပ်ငန်းများကိုလည်း တိုးချဲ့ဝန်ဆောင်မှု ပေးလျက်ရှိပြီး ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများမှ ရရှိသည့် အမြတ်ငွေပေါ်မှ နှစ်စဉ် ဝင်ငွေခွန်နှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေများကို  ပေးသွင်းလျက်ရှိသည်။ 

 

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန် ကျပ် ၅၄၂၇ ဒသမ ၇၃၀ သန်း၊ နိုင်ငံတော်သို့ ထည့်ဝင်ငွေ ၈,၃၈၄ ဒသမ ၂၅၀ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန်ကျပ် ၉,၈၉၄ ဒသမ ၄၁၆ သန်း၊ နိုင်ငံတော်သို့ ထည့်ဝင်ငွေ ၁၈,၅၄၄ ဒသမ ၅၀ဝ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန် ကျပ် ၅,၉၂၄ ဒသမ ၃၉၀ သန်း၊ နိုင်ငံတော်သို့ ထည့်ဝင်ငွေ ၉,၄၈၀ဒသမ ၇၅၀ သန်း၊ ဘဏ္ဍာရေးနှစ် ၃ နှစ်တာ ကာလအတွင်း ဝင်ငွေခွန်နှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေ စုစုပေါင်းကျပ် ၅၇,၆၅၆ ဒသမ ဝ၃၆ သန်းကို နိုင်ငံတော်သို့ ပေးသွင်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်မှ သတင်းရရှိသည်။

 

MDN