မိုင်းယုမြို့၌ ကလေးငယ်တစ်ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

မိုင်းယု  ဩဂုတ် ၄

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောပိုး တွေ့ရှိသူနှင့် ဆက်စပ်သူ ရှစ်ဦး၊ သံသယရှိ၍ လာရောက်စစ်ဆေးသူ နှစ်ဦးတို့ကို ဩဂုတ် ၄ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT(Test Kit)ဖြင့် စစ်ဆေးရာ ကလေးငယ် တစ်ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောပိုးတွေ့ရှိသူနှင့်ဆက်စပ်သူ ၁၀ ဦးတို့ကို မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့နှင့်  မိုင်းယုမြို့ ပြည်သူ့ဆေးရုံမှ တွဲဖက်ဆရာဝန် ဦးဆောင်သည့်အဖွဲ့တို့မှ ပူးပေါင်း၍ ရောဂါပိုးရှိ/မရှိ RDT(Test Kit)ဖြင့် စစ်ဆေးခဲ့ရာ ကလေးငယ်တစ်ဦးထံတွင် ရောဂါပိုးထပ်မံတွေ့ရှိခဲ့ပြီး ကျန် ကိုးဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ကလေးငယ်အား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး ထားကြောင်းနှင့် မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ အတည်ပြုလူနာ ၃၁ ဦး ရှိကြောင်း သိရသည်။

 

ကိုကိုနိုင်(မိုင်းယု)