မိုင်းဖြတ် ဇူလိုင် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ယခုနှစ်တွင် ဒေသထွက်ဒညင်းသီးများ လှိုင်လှိုင်သီး၍ အရောင်းအဝယ်ရှိသော်လည်းစျေးကောင်းမရရှိကြောင်းဒညင်းသီး အရောင်းအဝယ်ပြုလုပ်သူတစ်ဦးထံက သိရသည်။
"ဒီနှစ်မှာ ကျွန်မထင်တာက ဒညင်းသီးတွေဝယ်တဲ့သူ မရှိဘူးလို့ထင်တာ အခုအိမ်အထိလာဝယ်တာတော့ရှိပါတယ်၊ မနှစ်ကဆို ဒညင်းသီးတစ်ကီလို(၆၀ကျပ်သား)ကို အခွံအပါ ကျပ် ၇၀၀ ကနေ ကျပ် ၈၀၀ အထိ ရပါတယ်။၊ တချို့လာဝယ်တဲ့သူတွေကိုယ်တိုင် ဆွတ်ခူးရသလို ကိုယ်တိုင်လဲခူးပေးရတယ်။ ဒီနှစ်မှာ ဒညင်းသီးတစ်ကီလို(၆၀)ကျပ်သားကို အခွံအပါ ကျပ် ၅၀၀ သာ စျေးရကြောင်း ဒေါ်နန်းခမ်းထံက သိရသည်။
မိုင်းဖြတ်မြို့ ဒေသထွက်ဒညင်းသီးများကို ယခင်နှစ်များကဆိုရင် တာချီလိတ်သို့လည်းကောင်း၊ တာချီလိတ်မှ ထိုင်းနိုင်ငံရှိ ရွေ့ပြောင်းမြန်မာအလုပ်သမားများရှိရာ ဒေသအများအပြားသို့ တင်ပို့ရောင်းချရကြောင်း၊ ယခုနှစ်များက ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်၁၉ရောဂါ အခြေအနေများကြောင့် တင်ပို့ရောင်းချရန် အခက်အခဲရှိတာကြောင့် တာချီလိတ်မြို့အထိသာ ရောင်းချကြောင်း ဒညင်းသီးအဝယ်ပြုလုပ်သူ ဒေါ်ပျဲန်းထံက ပြောသည်။
ယခင်နှစ်များက စျေးကောင်းရရှိချိန်တွင် အသီးလှိုင်လှိုင်သီးသည့်အပင်ပေါ်မူတည်၍ ဒညင်းပင်တစ်ပင်ကို ကျပ်၅သောင်းမှ ၇သောင်းအထိရရှိပြီး ယခုနှစ်တွင် စျေးကောင်းမရသည့်အတွက် ဒညင်းတစ်ပင်လျှင် လေးသောင်းမှ သုံးသောင်းအထိသာရရှိသည်။
မိုင်းဖြတ်မြို့နယ်တွင် ဒညင်းသီးအပင်များကို နေအိမ်တော်တော်များများ၌ စိုက်ပျိုးလေ့ရှိကြပြီး ဥယျာဉ်ခြံစိုက်သူများသည် နှစ်စဥ်ဝင်ငွေရရှိရန် အပင် ၄၀၊ ၅၀အထိ စိုက်ပျိုးကြကြောင်း သိရသည်။
သန်းထွန်းအေး