မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် ၃ ဒသမ၂ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ၇ ဖေဖော်ဝါရီ

 

မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၂ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ ဖေဖော်ဝါရီ ၄ ရက် ည ၇ နာရီခွဲတွင် မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ် - တာချီလိတ်ကားလမ်း၊ ဆိုက်ခေါင် လုံခြုံရေးဂိတ်တွင် မိုင်းဆတ်ဘက်မှ မိုင်းတွမ်းဘက်သို့ ကျစေ့ မောင်းနှင်လာသည့် Alphard မော်တော်ယာဉ်ကို ရှာဖွေရာ ငွေကျပ် ၃ဒသမ ၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၄ ဒသမ ၂၆ သိန်း နှင့် အိုက်စ် (မက်သ်အဖက်တမင်း) ၂၅ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ကျစေ့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ ဖော်ထုတ်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးများကို မိုင်းပြင်း - မိုင်းဆတ်မှတဆင့် တစ်ဘက်နိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်