မိုးမိတ်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မိုးမိတ်   အောက်တိုဘာ ၁၈

 

မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ပန်းခင်းစီမံချက်အရ ကိုင်ဆောင်လက်မှတ်မရှိသေးသော ပြည်သူများအား ဥပဒေအရကိုင်ဆောင်သင့်သော လက်မှတ်တစ်မျိုးမျိုး ရရှိစေရေးအတွက် မိုးမိတ်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့် ဝန်ထမ်းများက အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီမှစတင်၍­­  စင့်ကင်ကျေးရွာ ဘုန်းကြီးကျောင်းရပ်၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

 

ထို့သို့ဆောင်ရွက်ရာတွင် ဒေသခံတိုင်းရင်းသားအသက် ၁၆ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်းကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေး၊ အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပျောက်ဆုံးသူများအား အသစ်ပြန်လုပ်ပေးခြင်း စသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးခဲ့သည်။

 

နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသောသူများအနေဖြင့်လည်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာ ဦးစီးဌာနရုံး၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ်၍ လာရောက် ဆောင်ရွက်နိုင်ပါကြောင်းနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် မေ ၃ ရက်စတင်ကာ  ဆောင်ရွက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ မြေစိုက်ပိုစတာများစိုက်ထူခြင်း စသည့် ပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးရုံးမှ သိရသည်။

 

မိုးမိတ်သား (ခရိုင်ပြန်/ဆက်)