မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော်၊ ၉ ဇွန်

 

မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီချမှတ်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သိရသည်။

 

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်၊ နာပေါ်ကျေးရွာနေ မောင်အယ်ဖုန်း () ကျာဝက ကျိုင်းတုံမြို့နယ်၊ နာဖီးဒယ် ကျေးရွာနေ xxx ၂၀ နှစ်ကို လက်ထပ်ယူမည်ဟု လိမ်လည်စည်းရုံး ပြောဆိုပြီး မိုင်းပျဉ်းမြို့နယ်၊ နမ့်ငင်းကျေးရွာနေ မောင်ကျလော၊ မောင်ကျဖ တို့နှင့်ပူးပေါင်း၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့မှုအား ကျိုင်းတုံမြို့မရဲစခန်း ()၂၁၇/၂၀၂၀၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က)ဖြင့် အမှုရေးဖွင့်ခဲ့ပြီး  ကျိုင်းတုံခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇွန် ရက်တွင် တရားခံ မောင်အယ်ဖုန်း ()ကျာဝ၊ မောင်ကျလောနှင့် မောင်ကျဖ တို့ကို လူကုန်ကူးမှု  တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က) အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်