မြစ်ကြီးနား၊ လားရှိုးနှင့် တောင်ကြီးမြို့နယ်တို့တွင် ဘိန်းဖြူများ ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၁၉  

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ ဂျပန်လမ်းမကြီးအနီးတွင် အေးနိုင်လင်း မောင်းနှင်ပြီး မရူထု(ခ)အဘွတ် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၈ ကီလိုကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ည ၇ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် လားရှိုးမြို့နယ်၊ လားရှိုး-မိုင်းယော်သွားကားလမ်း၊ တာပုံကျေးရွာအုပ်စု၊ တာပုံကျေးရွာနီးတွင် အိုက်ပွင့် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလိုကို လည်းကောင်း၊ ထို့အတူ စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲတွင် တောင်ကြီးနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ ‌တောင်ကြီး-မိုင်းပျဉ်းသွားကားလမ်း၊ နန်းဟောင်း ကျေးရွာအုပ်စု၊ နောင်ပယ်ကျေးရွာအနီးတွင် ဖြိုးဝေကျော်(ခ)အောင်ဖြိုးဝင်း မောင်းနှင်လာသည့်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

(ရဲပြန်ကြား)