မအူပင်-ကျိုက်လတ်ကားလမ်းဘေးရှိ စက်သုံးဆီသိုလှောင်ရုံ မီးလောင်မှုဖြစ်ပွား

မအူပင်၊ ၅ ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ညောင်ဝိုင်းကျေးရွာ (မအူပင်-ကျိုက်လတ်) ကားလမ်းဘေးရှိ ဦးအောင်ချစ်ဆန်း၏ စက်သုံးဆီသိုလှောင်ရုံ၌ ဖေဖော်ဝါရီ ၄ ရက် ညနေ ၆ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

mdn

 

ဖြစ်စဉ်မှာ ဆီတိုင်ကီအား သံဂေါက်ဖြင့်ဖွင့်ရာမှ ပွတ်တိုက်မှုကြောင့် မီးစထွက်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် အလျား ပေ ၅၀၊ အနံ ပေ ၈၀ သွပ်မိုး/သွပ်ကာ ကွန်ကရစ်ခင်း စက်သုံးဆီသိုလှောင်ရုံတစ်ရုံ မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်ရာနေရာသို့ မအူပင်ခရိုင် မီးသတ်ဦးစီးမှူး (လက်ထောက်ညွှန်ကြားရေးမှူး) ဦးကိုကိုဦး ဦးဆောင်သော သန္ဓေ တပ်ဖွဲ့ဝင် ၄၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၀ တို့က မီးငြှိမ်းသတ်ယာဉ် ခြောက်စီး၊ ရေသယ်ယာဉ် သုံးစီး၊ ပျိုးခင်းသစ်ဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်တစ်စီး၊ ကျိုက်လတ်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ် တစ်စီးတို့ဖြင့် ရေဂါလန် ၅၀ဝ၀ဝ ခန့်နှင့် Foam ဆေးရည်ဂါလန် ၁၀ဝ ခန့် အသုံးပြု၍ ငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုကြောင့် ပေ (၅၀×၈၀) သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း ဆီသိုလှောင်ရုံ တစ်ရုံ တန်ဖိုးငွေကျပ် ၃၀ဝ၀ဝ၀ဝ၊ ဒီဇယ် ၁၅ ပီပါ တန်ဖိုးငွေကျပ် ၁၅၀ဝ၀ဝ၀၊ ဓာတ်ဆီ နှစ်ပီပါ တန်ဖိုးငွေကျပ် ၂၀ဝ၀ဝ၀၊ အင်ဂျင်ဝိုင် နှစ်ပီပါ တန်ဖိုးငွေကျပ် ၂၀ဝ၀ဝ၀ စုစုပေါင်း ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၄၉၀ဝ၀ဝ၀ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆသူ မန်နေဂျာ ဦးသက်ချိုအား မအူပင်မြို့နယ် မြို့မ ရဲစခန်းက (ပ-၄၃/၂၀၂၁) ပုဒ်မ(၂၈၅)အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် မီးလောင်မှု ကြောင့် ဆီဆိုင်အလုပ်သမား မောင်အောင်ချစ်ပိုနှင့် မောင်ကောင်းကောင်းတို့နှစ်ဦးမှာ ခြေထောက်နှင့်လက်များ မီးဟတ်ဒဏ်ရာ(မစိုးရိမ်ရ)များ ရရှိခဲ့သဖြင့် မအူပင်ပြည်သူ့ဆေးရုံ ကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် သေဆုံးမှုမရှိကြောင်း သိရသည်။

 

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)