ရခိုင်ဒေသမှာ ရာသီအလိုက်သီးပွင့်တဲ့ ဟင်းသီးဟင်းရွက်တွေ မနည်းမနော ပေါပေါ လောလော ထွက်ရှိပါတယ်။ ချဉ်ပေါင်၊ ကန်စွန်း၊ ကင်ပွန်းချဉ်လို ဒေသမရွေးထွက်တဲ့ ဟင်းရွက်တွေသာမက ဇရစ်၊ ကဒတ်၊ ကောက်ကောက်ညွန့်နဲ့ ဟင်းကပေါင်းသီး၊ ဆင်ခရမ်းသီးတို့လို ထူးထူးခြားခြား ဟင်းရွက် ဟင်းသီး အမျိုးအစား အများအပြားကိုလည်း တွေ့ရပါတယ