လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ဒဏ်ရာရ

နေပြည်တော်၊ ၇  ဖေဖော်ဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ဖေဖော်ဝါရီလ ၆ ရက်နေ့ ည    ၉ နာရီခွဲအချိန်က မော်တော်ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားပြီး အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကမ်းပြိုကျေးရွာ၊ နည်းပညာကျောင်းလမ်း၊ YBS ကားဂိတ်၌ ရပ်တန့်ထားသည့် YGN 3D/xxxx ခရီးသည်တင်ယာဉ်ပိုင်ရှင် ရွှေပြည်သာမြို့နယ်၊ သာဓုကန်ရပ်ကွက်နေ ဇော်မင်းဦး(၃၉)နှစ်သည် မော်တော်ယာဉ်အတွင်း ဖယောင်းတိုင်မီးထွန်း၍ အိပ်ပျော်နေစဉ် ဖယောင်းတိုင်မီးမှ တစ်ဆင့် ခရီးသည်ထိုင်ခုံများအား မီးကူးစက်လောင်းကျွမ်းခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်း အဖွဲ့မှ မီးသတ်ယာဉ် ၁ စီး၊ ရေယာဉ် ၁ စီးတို့ဖြင့် သွားရောက်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၂၆ မိနစ်ခန့် အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့်ယာဉ်မှာ မီးလောင်ပျက်စီးခဲ့ပြီး ဇော်မင်းဦး တွင် မီးလောင်ဒဏ်ရာများရရှိခဲ့သောကြောင့် ၎င်းအား လှိုင်သာယာ(အနောက်ပိုင်း)မြို့မရဲစခန်း ()၃၅/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

(ရဲပြန်ကြား)