လွိုင်မွေတောင်စခန်းမြို့မှ နှစ် ၁၀၀ သက်တမ်းရှိအိမ်အား သန့်ရှင်းရေးစုပေါင်းပြုလုပ်

ကျိုင်းတုံ ၊  ၁၄  ဇန်နဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု လွိုင်မွေတောင်စခန်းမြို့ရှိ နှစ် ၁၀၀ အိမ် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် မိုင်းယောင်းမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့က  ဇန်နဝါရီ ၇ ရက်တွင် ပြုလုပ်ခဲ့ကြောင်း မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ သိရသည်။

 

လွိုင်မွေတောင်စခန်းမြို့ရှိ နှစ် ၁၀၀ အိမ် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦး၊ ဒုတိယတပ်ဖွဲ့မှူး ဦးစိုးမြတ်ဟိန်းနှင့် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ စေတနာ့ဝန်ထမ်းများက အိမ်ပတ်ဝန်းကျင်ရှိ စွန့်ပစ်အမှိုက်များ ကောက်ခြင်းနှင့် စနစ်တကျ သယ်ယူစွန့်ပစ်ခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

ယခုအခါ လွိုင်မွေတောင်စခန်းမြို့၌ ချယ်ရီပန်းများ လှပစွာဖူးပွင့်လျက်ရှိရာ ရပ်နီး၊ ရပ်ဝေးမှ နေ့စဉ် လာရောက် ကြည့်ရှုသူများ၊ လာရောက် လည်ပတ်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်း အသိပညာပေးခဲ့ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း