၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက် နံနက် ၇ နာရီ ထုတ်ပြန်ချက်

 

ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိ နေသည်။

 

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ၊ ၁၁-၁၂-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း (သီရိလင်္ကာနိုင်ငံကမ်းလွန် - အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး ကမ်းခြေ)သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

 

Credit>မိုးဇလ