လားရှိုးမြို့သို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ လူဦးရေ ၉သောင်းကျော်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရောက်ရှိ

လားရှိုး စက်တင်ဘာ ၂၁

လားရှိုးမြို့သို့ မြန်မာ့လေကြောင်းလိုင်းဖြင့်  ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ လူဦးရေ ၉ သောင်း ကျော်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ယနေ့နံနက် ၁၀ နာရီတွင် ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများ ရောက်ရှိလာခြင်းကို လားရှိုးမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦး၊ လားရှိုးမြို့  ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ရဲအောင်ထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ရယူခဲ့ကြသည်။

ယခုရောက်ရှိလာသော ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်များမှ လူဦးရေ ၉ သောင်းကျော်အတွက် ဆေးခွဲတမ်းများရရှိခြင်းဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်များသို့ ဆေးခွဲတမ်းများ ပြန်လည်ခွဲပေးသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို သတ်မှတ်ထားသော စုရပ်များတွင် စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ် -၁၉ ကာကွယ်ထိန်ချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးထံမှ သိရသည်။

ခရိုင် (ပြန်/ဆက်)