လာအိုနိုင်ငံမှ ပြန်လည်လွှဲပြောင်းသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများအနက် ၈၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ

တာချီလိတ်      ဩဂုတ်   ၄

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စုရှိ ဝမ်ပုံဆိပ်ကမ်း၌ လာအိုနိုင်ငံမှ ဩဂုတ် ၃ ရက်တွင် ပြန်လည်လွှဲပြောင်းသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၆၇ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေးရာ ၈၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

 

အဆိုပါ နေရပ်ပြန်လာသူများအား တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုသည့်အပြင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိသူ ၈၃ ဦးအား တာချီလိတ်မြို့၊  ဝမ်လုံး Quarantine Center သို့ ပို့ဆောင်ကာ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိသည်။

 

ထို့အပြင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသူ ၈၄ ဦးကို ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်များက အားပေးစကား ပြောကြား ကာ အစားအသောက်များ ကျွေးမွေးခြင်း၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် လမ်းခရီး စရိတ်များ ထောက်ပံ့ပေးပြီး ၎င်းတို့နေရပ်များဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ယာဆေး