ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၃ ဆီးဂိမ်းအတွက် ပထမဆုံး အမျိုးသမီးဘောလုံးအသင်းဖွဲ့စည်း

ဖနောင်ပင် စက်တင်ဘာ ၇

 

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) တွင် ပါဝင်ယှဉ်ပြိုင် ကစားမည့် ပထမဆုံးသော အမျိုးသမီးဘောလုံး အသင်းကို စတင်ဖွဲ့စည်းလိုက်ကြောင်း ကမ္ဘောဒီးယား နိုင်ငံ၏ အမျိုးသားအိုလံပစ်ကော်မတီက ယမန်နေ့က ကြေညာသည်။

 

အဆိုပါ ကမ္ဘောဒီးယားအမျိုးသမီး ဘောလုံးအသင်းကို နိုင်ငံအတွင်းရှိ ကလပ်အသင်းအသီးသီးမှ ကစားသမား ၂၂ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၏ အမျိုးသားအိုလံပစ် ကော်မတီက သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားသည်။

 

ယင်းအမျိုးသမီးဘောလုံးအသင်းအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံက ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပချိန်တွင် ဒေသတွင်းရှိ အကောင်းဆုံးအမျိုးသမီးဘောလုံး အသင်းများဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိလိမ့်မည်ဖြစ်ကြောင်းလည်း ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ်မှ အတွင်းရေးမှူးချုပ် ကီယိုဆီရက်သ်က ပြောကြားသည်။

 

၂၀၂၃ ခုနှစ် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ(ဆီးဂိမ်း)ကို ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ် မေ ၅ ရက်မှ မေ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အဆိုပါအားကစားပြိုင်ပွဲသည် အရှေ့တောင်အာရှ၏ အကြီးဆုံးအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံအတွက် ပထမဆုံးအကြိမ် ဖြစ်လာမည်ဖြစ်သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်