ကျိုင်းတုံမြို့နယ်တွင် အသက် ၅၅ နှစ်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ကျိုင်းတုံ စက်တင်ဘာ ၂၁

           

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင်  အသက်(၅၅)နှစ်အထက်ပြည်သူများ၊ နာတာရှည်ရောဂါသည်များ၊ မသန်စွမ်းသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၂၀ ရက်က သတ်မှတ်ဆေးထိုးစုရပ် ခြောက် နေရာတွင် တာဝန်ရှိသူများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

           

ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမီ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ ဆောင်ရွက်ကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ လူဦးရေး ၁၅၄၀ ဦး ထိုးနှံပေးခဲ့ကြောင်း သိရပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

           

ကာကွယ်ဆေးထိုးနှံပေးခြင်းကို  ကျိုင်းတုံမြို့ အမှတ်(၁)ရပ်ကွက် အထက(၇)၊  အမှတ်(၂) ရပ်ကွက် တိုင်းနေခန်းမနှင့် ပန်ဟုန်း ဘုန်းတော်ကြီးကျောင်း၊ ကတ်တောင်ကျေးရွာ ဗုဒ္ဓဝင်ဘုန်းကြီးကျောင်း၊ ယန်းကျိန်ဘုန်းကြီးကျောင်း၊ ဝမ်ပျဲန် အမကကျောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးစုရပ်နေရာများတွင် ထိုးနှံပေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)