ကျိုင်းတုံ၊ မိုင်းရယ်နှင့် တာချီလိတ်မြို့နယ်တို့တွင်  စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ၁၁ ဖေဖော်ဝါရီ

                 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းတွင် ကျိုင်းတုံမြို့နယ်၊ ဂျိုးဖြူကျေးရွာအနီး၊ ကျိုင်းတုံ - မိုင်းခွန်သွားကားလမ်းတွင် အားပေါင်း မောင်းနှင်ပြီး မဘူးညွန့် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ ထို့နောက် ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မိုင်းရယ်မြို့နယ်၊ နားလီကျေးရွာအုပ်စု၊ နားလီကျေးရွာတံတား အနီးတွင် ဇင်ထူးအောင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၈,၅၀၀  ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အလားတူ ယင်းနေ့ နံနက်ပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာအနီး၊ ဝမ်ကျောက်လုံ - ပန်စလိ ကျေးရွာ သွားလမ်းတွင် အားဝေ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား