ကိုလံဘီယာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၄၄၃ ဦး ထပ်မံတွေ့ရှိ

၁၁ ဖေဖော်ဝါရီ

 

ကိုလံဘီယာနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၄၄၃ ဦး ထပ်မံတွေ့ရှိခဲ့သည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၁၇၃၃၄၇ ဦး အထိရှိလာကြောင်း ကျန်းမာရေးနှင့်လူမှုကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၂၆ ဦး ထပ်မံတွေ့ရှိခဲ့ရာ သေဆုံးသူပေါင်း ၅၆၇၃၃ ဦး အထိရှိလာသည်။

 

ကိုလံဘီယာသမ္မတ အိုင်ဗင်ဒူကူက ဖေဖော်ဝါရီ ၂၀ ရက်တွင် လူအများအပြားကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံမည် ဖြစ်ကြောင်း ယခုလအစောပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

 

အစိုးရက ကိုဗစ်-၁၉ ရောဂါကိုကျော်လွှားနိုင်ရန် ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေကြေညာချက် သက်တမ်းတိုးမြှင့်ခဲ့ပြီး ဘေးကင်းလုံခြုံရေး အစီအမံများလိုက်နာရန်နှင့် လူစုလူဝေးရှောင်ရှားကြရန် ပြည်သူများကို တိုက်တွန်းပြောကြားထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို