ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတဲ့ဟန်နီ

mdn

 

ဇူလိုင် ၂၂

 

ကျော်ကြားတဲ့ ကေပေါ့ပ်တေးသံရှင်တစ်ဦးဖြစ်သူ ဟန်နီဟာ အမျိုးသမီးတေးဂီတအဖွဲ့ EXIDရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်ပါတယ်။ လတ်တလောမှာ သူဟာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရတာကြောင့် သူပါဝင်သရုပ်ဆောင်နေတဲ့ ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းတွေကို ရပ်နားထားရကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြ ချက်တွေအရ သိရပါတယ်။

 

ဇူလိုင် ၂၀ ရက်က ဟန်နီမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သူ့ရဲ့ အေဂျင်စီဘက်က သတင်း ထုတ်ပြန်ခဲ့တာပါ။ ဟန်နီပါဝင်သရုပ်ဆောင်နေတဲ့ ရုပ်ရှင်ရိုက်ကူးရေးဝန်ထမ်းတစ်ဦး ကိုဗစ်ပိုးတွေ့ရှိ ခဲ့ပြီးနောက် သူ့ကိုလည်း စစ်ဆေးခဲ့ရာမှာ ပိုးတွေ့ ရှိကြောင်း အဖြေထွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ဟန်နီဟာ JTBC ရုပ်သံလိုင်းမှ ရိုက်ကူး ထုတ်လွှင့်သွားမယ့်ဇာတ်လမ်းတွဲရုပ်ရှင် IDOL The  Coup မှာ ပါဝင်သရုပ်ဆောင်လျက်ရှိပါတယ်။ လက်ရှိမှာ အဆိုပါဇာတ်လမ်းတွဲရဲ့ ရိုက်ကူးရေး လုပ်ငန်းတွေ ရပ်နားထားကြောင်းလည်း သိရပါ တယ်။

 

အေးပြည့်