စက်တင်ဘာ ၁၆
လစ်ဗျားနိုင်ငံသည် AstraZeneca ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၁၁၇၆၀၀ ကို အီတလီနိုင်ငံမှ လက်ခံရရှိခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယမန်နေ့က ပြောကြားသည်။
အီတလီအစိုးရက AstraZeneca ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ရှိ မီတီဂါလေဆိပ်သို့ ပေးပို့ခဲ့သည်။
လစ်ဗျားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၂၇၈၀၃ ဦးရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၄၂၂၆၇ ဦးရှိသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၄၄၆၉ ဦး ရှိကြောင်း ရောဂါထိန်းချုပ်ရေးအမျိုးသားစင်တာက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံအတွင်း ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၁၂၅၃၀၈၇ ဦးရှိကြောင်း ထိုစင်တာကထပ်လောင်းပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို