ခင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ်ခြေ (၇၀) ခန့် ယာယီရွှေ့ပြောင်း

ခင်ဦး စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ရှင်မင်းဒွေကျေးရွာတွင် စက်တင်ဘာလ ၂၁ ရက် နံနက် ၃ နာရီက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ်ခြေ(၇၀)ခန့် ယာယီရွှေ့ပြောင်းထားကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ထံက သိရသည်။

အဆိုပါကျေးရွာ(ကွက်သစ်)တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သက်တော်ရှည်၊ သက်တော်ရချောင်းနှင့် သရက်ကန်၊ ပေါက်တောကျေးရွာမှလာသော ရေဆိုးထုတ်ခေါင်းတို့မှ ရေများဝင်ရောက်သဖြင့် အိမ်ခြေ (၇၀) ခန့် ရေများဝင်ရောက်သဖြင့် လူဦးရေ (၁၅၀) ခန့် ရေဘေးလွတ်ရာ ရှင်မင်းဒွေဘုန်းကြီးကျောင်းတိုက်သို့ ခေတ္တယာယီရွှေ့ပြောင်းထားပြီး ကျွဲ၊ နွား တိရိစ္ဆာန်များကို မူးဘောင်သို့ ရွှေ့ပြောင်းထားရကြောင်း လူ၊ တိရစ္ဆာန်တို့ ထိခိုက်မှုမရှိကြောင်း သိရသည်။
    
စိုးဝေအောင်(ခင်ဦး)