ချောင်းဆုံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ဆေးထိုးနှံမှု (၆)ရက်အတွင်း (၈၆၁၆) ဦး ထိုးနှံပေးခဲ့

ချောင်းဆုံ စက်တင်ဘာ    ၂၀

           

မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် ဦးစားပေးအုပ်စုအလိုက် သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအသုတ်(ပထမအကြိမ်) ဆဌမ မြောက်နေ့ ဆေးထိုးနှံပေးမှုကို ယနေ့နံနက်က သတ်မှတ်စုရပ် (၁၅)နေရာတွင် ဆက်လက် ဆေးထိုးနှံပေးလျက်ရှိရာ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ၊ကြက်ခြေနီအသင်းအဖွဲ့ ဝင်များ၊ စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့တို့ ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

           

ကာကွယ်ဆေးထိုးနှံပေးရာတွင် ဦးစားပေးအုပ်စုများအလိုက် သာသနာ့အနွယ်ဝင်များ ၊ အသက် (၅၅) နှစ် ပြည်သူများ မသန်စွမ်းသူများ ၊ အချုပ်သားများ ၊ ရွှေ့ပြောင်းလုပ်သားများ ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများ ၊ စက်ရုံ အလုပ်ရုံဝန်ထမ်းများ အစိုးရဝန်ထမ်းများ ပုဂ္ဂလိက သယ်ယူပိုဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူများ စသည့် အကျုံဝင်အုပ်စုမှ ပြည်သူများအား စက်တင်ဘာ ၁၄ ရက်မှ ၁၉ ရက်နေ့အထိ (၆)ရက်အတွင်း (၈၆၁၆) ဦး ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

 

ချောင်းဆုံ(ပြန်/ဆက်)