ကြာအင်းဆိပ်ကြီးမြို့၌ ကွမ်းသီးနုများအဝယ်လိုက်၍ ဈေးကောင်းရ

ကြာအင်းဆိပ်ကြီး  အောက်တိုဘာ   ၁၈

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ကွမ်းသီးပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ကျေးရွာဒေသအနှံ့အပြား၌ တောင်သူများအနေဖြင့် ကွမ်းသီးပင်စိုက်ပျိုးခြင်းဖြင့် နှစ်စဉ်ရာသီအလိုက် အပိုဝင်ငွေများရရှိကြောင်း သိရသည်။

 

ယခုနှစ်ကွမ်းသီးရာသီပေါ်ချိန်တွင် ကွမ်းသီးအနုသီးများ လာရောက်ဝယ်ယူနေမှုများရှိနေပြီး ကွမ်းသီးအနုတစ်လုံးလျင် ငွေကျပ်(၂၅)ကျပ်နှုန်းအထိပေးကာ လာရောက်ဝယ်ယူလျက်ရှိပြီး ကွမ်းသီးအရင့်တစ်လုံးကို ငွေကျပ်(၃၀)ကျပ်မှ (၃၅)ကျပ်အထိ ပေးဝယ်လျက်ရှိသောကြောင့် ခြံရှင်တောင်သူများအနေဖြင့် ကွမ်းသီးအနုသီးများကိုပါ ခူးယူရောင်းချလျက်ရှိကြောင်း သိရသည်။

 

အဆိုပါကွမ်းသီးအနုများကို မွန်ပြည်နယ် မုဒုံမြို့မှ ကုန်သည်များမှ လာရောက်ဝယ်ယူလျက်ရှိကြောင်း မြို့ခံကုန်သည်တစ်ဦးထံမှ သိရသည်။

 

မျိုးမင်းဦး