ဟင်္သာတမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး

ဟင်္သာတ ၊ အောက်တိုဘာ ၁၈

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ  ယမန်နေ့ နံနက် ၉ နာရီက ဟင်္သာတမြို့နယ် ဆင်ဂေါင်းကျေးရွာအုပ်စု ပြည့်စင်ကုန်းကျေးရွာရှိ (အမက)ပြည့်စင်ကုန်းကျောင်းစုရပ်တွင် ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးစိုးမြင့်အောင်၊ လဝကမှူး ဦးမျိုးဝင်းအောင်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အသက် ၁၆ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်းမရှိသေးသူများအား လည်းကောင်း၊ အသက် ၁၀ နှစ်ပြည့်မှ ၁၈ နှစ်ပြည့်လဲလှယ်သူများ၊ နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံးပျက်စီးသူများ အားလည်းကောင်း ကျေးရွာပြည်သူများထံ အရောက် ကျား (၇၅)ဦး၊ မ(၉၈)ဦး စုစုပေါင်း လူဦးရေ(၁၇၃)ဦးတို့ကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း Mask များကိုလည်း အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ သိရသည်။

 

ကိုဇော်(ဟင်္သာတ)