ဟိုပင်၌ အခြေခံပညာအထက်တန်းကျောင်း မီးလောင်မှုဖြစ်ပွား

ဟိုပင်၊ ၉ ဇွန်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ ဇွန် ၈ ရက် ည ၈ နာရီ ၄၅ မိနစ်က မြို့သစ်ကလေး အ.ထ.က ကျောင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် မြို့သစ်ကလေး အ.ထ.က ကျောင်းအတွင်းရှိ  ပေ ၁၇၀ × ၂၅ ပေ သွပ်မိုး၊ ထရံကာ၊ ၂ ထပ်ကျောင်းဆောင်ဟောင်းနှင့် ပေ ၉၀× ၂၅ ပေ သွပ်မိုး၊ မြေစိုက်ကျောင်းဆောင်သစ်တို့ မီးလောင်ကျွမ်းခဲ့ပြီး ဟိုပင်မြို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးသိန်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးတို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ ည ၁၁ နာရီ မိနစ် ၂၀ တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

တိုးတိုးမေ(ဟိုပင် ပြန်/ဆက်)