ဂျပန်နိုင်ငံတွင် အရေးပေါ်အခြေအနေကြေညာခြင်းကို အဆုံးသတ်တော့မည်

mdn

တိုကျို ၁၀ ဖေဖော်ဝါရီ

 

ဂျပန်အစိုးရသည် မတ်လ ၇ရက်မတိုင်မီ ခရိုင်အချို့တွင် နိုင်ငံတော်အရေးပေါ်အခြေအနေအဆုံးသတ်ပေးနိုင်ရေး နှင့်ပတ်သက်ပြီး စဉ်းစားဆုံးဖြတ်လျက်ရှိသည်။

 

တိုကျိုအပါအဝင် စီရင်စု ၁၀ စုတို့သည် နိုင်ငံတော်အရေးပေါ်အခြေအနေကျရောက်လျက်ရှိသည်။ အဆိုပါ စီရင်စု များ၌ မတ် ၇ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။

 

ဂျပန်ကျန်းမာရေးဝန်ကြီး တာမူရာ နိုရီဟီဆာက ကိုဗစ်-၁၉ ကူးစက်မှုကျဆင်းသွားပြီဖြစ်ကြောင်း၊ အရေးပေါ် အခြေအနေကို ဆက်လက်ထားရှိသွားပါက လူမှုရေးဆိုင်ရာ သို့မဟုတ် စီးပွားရေးဆိုင်ရာ ပြဿနာများ ဖြစ်ပွား နိုင်ကြောင်း ပြောကြားလိုက်သည်။

 

အခြေအနေအကြောင်းအရာအချက်အလက်များအပေါ် မူတည်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်မည် ဖြစ်ကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ