ဂျပန်မော်တော်ယာဉ်ရောင်းအား ဒုတိယအကြိမ်မြင့်တက်

၂  ဒီဇင်ဘာ

 

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် မော်တော်ကား ရောင်းအားများသိသိသာသာ ကျဆင်းခဲ့ပြီးနောက် မော်တော်ကား ရောင်းအားများ ဒုတိယအကြိမ်ဖြည်းဖြည်းချင်းထပ်မံမြင့်တက်လာသည်။

 

နိုဝင်ဘာလက ကားအသစ် အစီးရေ ၄၁၀၀၀၀ ကျော်  ရောင်းချခဲ့ရသည်ဟု မော်တော်ကားလုပ်ငန်းအုပ်စုများက ဆိုသည်။

 

ပြီးခဲ့သည့်နှစ်ကထက် ၆ ဒသမ ၆ ရာခိုင်နှုန်းပိုမို ရောင်းချခဲ့ရပြီး ဒုတိယအကြိမ် ရောင်းအားမြင့်တက်ခဲ့သည်။

 

ရောင်းအားမြင့်တက်လာခြင်းသည် တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်အပြီး ပြီးခဲ့သည့်နိုဝင်ဘာလက အခြေပြုနှုန်းနည်းပါးခြင်းနှင့်တစ်စိတ်တစ်ပိုင်း သက်ဆိုင်သည်။

 

အဆိုပါ ကားလုပ်ငန်းအုပ်စုများကလည်း ကားအရောင်းအဝယ်သမားများအနေဖြင့် ကားဝယ်သူများအား အွန်လိုင်းဖြင့်ရောင်းချမှုများ ပြုလုပ်ရန် ပိုမိုဖိအားပေးလာကြသည်။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထပ်မံပျံ့နှံ့နေရာ ကားကုမ္ပဏီများအနေဖြင့် အလုပ်သမားများ၏ အပိုဆုကြေးများကို လျှော့ချရန် လုပ်ဆောင်လာသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို