ဒီအိုရဲ့ ပထမဆုံးသော မီနီတေးအယ်လ်ဘမ် အိုင်ကျွန်းတေးဂီတဇယားတွေကို ဦးဆောင်

mdn

 

ဇူလိုင် ၂၉ 

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ တေးသံရှင်တစ်ဦးဖြစ်သူ ဒီအိုဟာ အမျိုးသားတေးဂီတအဖွဲ့ EXO ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ သူဟာ တစ်ကိုယ်တော်တေးသံရှင်တစ်ဦးအဖြစ် ပထမဆုံးအကြိမ် ထုတ်လွှင့်ခဲ့တဲ့ မီနီတေးအယ်လ်ဘမ်နဲ့ အောင်မြင်မှုတွေ  ရရှိခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ ပွဲဦးထွက် မီနီတေးအယ်လ်ဘမ်ဟာလက်ရှိမှာ ကမ္ဘာတစ်ဝန်းက နိုင်ငံနဲ့ ဒေသပေါင်း ၅၉ ခုရဲ့ အိုင်ကျွန်းတေးဂီတဇယားမှာ နံပါတ်တစ်နေရာရရှိနေတာဖြစ်ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။


ဒီအိုရဲ့ ပထမဆုံးမီနီတေးအယ်လ်ဘမ်ဟာ Empathy လို့ ' အမည်ရပြီး ဇူလိုင် ၂၆ ရက်က စတင်ထုတ်လွှင့်ပေးခဲ့တာပါ။အဆိုပါတေးအယ်လ်ဘမ်ဟာ စတင်ထုတ်လွှင့်ပြီးမကြာမီမှာ ပင် ယခုလို အိုင်ကျွန်းတေးဂီတဇယားတွေရဲ့ ထိပ်တန်းတေးအယ်လ်ဘမ်စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင် ၂၇ ရက်မှာ ဒီအိုရဲ့ ဖျော်ဖြေရေးအေဂျင်စီဖြစ်တဲ့ အက်စ်အမ်အင်တာတိန်းမန့်က အဆိုပါတေးအယ်လ်ဘမ်အနေနဲ့ ကမ္ဘာတစ်ဝန်းက အိုင်ကျွန်းတေးဂီတဇယားတွေကို ဦးဆောင် ထားနိုင်ကြောင်း ထုတ်ပြန်ခဲ့တာပါ။ အဆိုပါ တေးအယ်လ်ဘမ် ဟာ မက္ကဆီကို၊ နယူးဇီလန်၊ နိုင်ဂျီးရီးယား၊ နော်ဝေ၊ အိန္ဒိယ၊ ပြင်သစ်၊ ဂျပန်၊ ဖိလစ်ပိုင် တရုတ်(တိုင်ပေ) အစရှိတဲ့နိုင်ငံနဲ့ ဒေသ စုစုပေါင်း ၅၉ ခုက အိုင်ကျွန်းတေးဂီတဇယားတွေရဲ့ ထိပ်တန်း တေးအယ်လ်ဘမ်စာရင်းကို ဦးဆောင်ထားပါတယ်။ ဒါ့အပြင် အဆိုပါ တေးအယ်လ်ဘမ်ဟာ ဒေသတွင်း တေးဂီတဇယား အချို့မှာလည်း နံပါတ်တစ်နေရာရရှိထားကြောင်း သိရပါ တယ်။

အေးပြည့်