စပိန်နိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ သုံးသန်းကျော်အထိ တိုးလာ

မက်ဒရစ် ၁၀ ဖေဖော်ဝါရီ

 

စပိန်နိုင်ငံတွင် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၆၄၀၂ ဦးရှိကြောင်း ဖော်ပြခဲ့ရာ ယခုအခါ နိုင်ငံအတွင်း စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်းသည် ၃၀၀၅၄၈၇ ဦးရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်ဖော်ပြလိုက်သည်။

 

လွန်ခဲ့သော ၂၄ နာရီက ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၇၆၆ ဦးရှိကြောင်း ဖော်ပြခဲ့မှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပေါင်းသည် ၆၀၆၁ ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။ ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး ကူးစက်မှုနှုန်း ဆက်လက်ကျဆင်းလျက်ရှိကြောင်းလည်း သိရသည်။ စပိန်နိုင်ငံတွင် ယခုအချိန်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူပေါင်း ၂၁၆၇၂၄၁ ဦး ထိုးပေးပြီးဖြစ်ကြောင်း သိရသည်။

 

ကျန်းမာရေးအာဏာပိုင်များက လွန်ခဲ့သောသီတင်းပတ်က ရောက်ရှိလာသော အက်စ်ထရာဇနီကာကာကွယ်ဆေး ပမာဏ ၁၉၆၈၀၀ စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။ ယခုအခါတွင် အဆိုပါကာကွယ်ဆေးကို အသက် ၁၈ နှစ်မှ ၅၅ နှစ်ကြားအရွယ်များကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို တားဆီးထိန်းချုပ်ရန် ဖေဖော်ဝါရီ ၉ ရက်ကလည်း စပိန်အစိုးရသည် ဘရာဇီး၊ တောင်အာဖရိက၊ အင်္ဂလန်နိုင်ငံတို့မှ ရောက်လာသည့်လေကြောင်းလိုင်းများကို တားဆီးထားကြောင်း သိရသည်။ ပေါ်တူဂီနှင့်ထိစပ်လျက်ရှိသော စပိန်နယ်စပ်ကိုလည်း မတ်လ ၁ ရက်အထိ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

 

ဆင်ဟွာ