စီအယ်လ်ရဲ့ တေးသီချင်းသစ် Lover Like Me ထွက်ရှိ

ကေပေါ့ပ်တေးသံရှင်တစ်ဦးဖြစ်တဲ့ စီအယ်လ်ဟာ သူ့ရဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ်သစ်အတွက် ပြင်ဆင်နေပြီး လတ်တလောမှာ အဆိုပါတေးအယ်လ်ဘမ်မှာ ပါဝင်တဲ့ တေးသီချင်းတစ်ပုဒ်ကို တေးဗီဒီယိုနဲ့အတူ ထုတ်လွှင့်ပေးခဲ့ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

လတ်တလောထုတ်လွှင့်ပေးခဲ့တဲ့ Lover Like Me မှာ စီအယ်လ်က သူ့ရဲ့ သီဆိုဟန်ကို အနည်းငယ်ပြောင်းလဲထား တာတွေ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ စတိုင်လို့ဆိုနိုင်တဲ့ ရက်ပ်စာသား တွေကို ဒီသီချင်းမှာ ထည့်သွင်းပုံဖော်ထားပါတယ်။

Lover Like Me ဟာ စီအယ်လ်ရဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ်မှာ ပါဝင်မယ့် တေးသီချင်းတွေအနက် ဒုတိယမြောက်ထုတ်လွှင့်ပေးခဲ့တဲ့ တေးသီချင်းလည်း ဖြစ်ပါတယ်။ စီအယ်လ်ရဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ် Alpha ကို လာမယ့် အောက်တိုဘာ ၂၂ ရက်မှာ စတင်ထုတ်လွှင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်