ဆူဒန်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံရမှုများတိုးလာ

ခါတွင် အောက်တိုဘာ ၁၈

 

ဆူဒန်နိုင်ငံတွင် အောက်တိုဘာအစောပိုင်းမှ စတင်ကာ ကိုဗစ် -၁၉ ကူးစက်မှုများနှင့် သေဆုံးမှုများ တိုးလာသည်ဟု သိရသည်။

 

ထို့ကြောင့် တိုင်းပြည်အတွင်း နောက်ထပ် ကူးစက်လှိုင်း ပေါ်ပေါက်လာမည်ကို စိုးရိမ်နေကြရ သည်။ အောက်တိုဘာ ၁၅ ရက်တွင် နောက်ထပ် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၇၈ ဦး တိုးလာပြီး လက်ရှိ ရောဂါခံစားနေရသူအရေအတွက်မှာ ၄၉၀ ဖြစ် လာသည်ဟု ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၆ ရက်တွင် ပြောသည်။

 

ကူးစက်မှုများမှာ တိုင်းပြည်အတွင်းနောက်ထပ် ကူးစက်မှုလှိုင်းဖြစ်လာနိုင်သည်ဟု သတိပေးလျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ လက်ဆေးခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်းဝတ်ဆင်ခြင်း အပါအဝင် လူမှုဝေးကွာအစီအစဉ်များကို ပြည်သူ များ လိုက်နာကြရန်လည်း တိုက်တွန်းထားသည်။

 

လက်ရှိအကျပ်အတည်းမှ လွတ်မြောက်ရေး အတွက် ကာကွယ်ဆေးထိုးခြင်းမှာ ပြည်သူများ အတွက် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်ဟု လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ ပြီးခဲ့ သည့် သီတင်းပတ်အတွင်း ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဆူဒန်နိုင်ငံက လက်ခံရရှိခဲ့သည်။

 

ဆူဒန်ကျန်းမာရေးအာဏာပိုင်များသည် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် လူဦးရေ၏ ၂၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးပေးရန်အတွက် စီစဉ်ထားသည်။ ၂၀၂၂ နှစ်ကုန်ပိုင်းတွင် လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးနိုင်ရေး စီစဉ်ထားသည်။ ဆူဒန် နိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်ခံရသူပေါင်း ၃၉၅၅၀ ရှိပြီး သေဆုံးသူ ၃၀၃၈ ဦးရှိသည်။

ဆင်ဟွာ