စစ်ကိုင်းမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သံဃာတော်/ သီလရှင်များနှင့် ဦးစားပေးအုပ်စုပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

စစ်ကိုင်း စက်တင်ဘာ ၁၇

 

စစ်ကိုင်းမြို့တွင် အသက်(၆၅)နှစ်အထက် သံဃာတော်/ သီလရှင်များနှင့် ဦးစားပေးအုပ်စုများတွင် ပါဝင်နေသည့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အုပ်စုသုံးနေရာခွဲ၍ ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏  ကြီးကြပ်မှုနှင့်အတူ စက်တင်ဘာ(၁၇)ရက်၊ နံနက်ပိုင်းက သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

           

" ကိုဗစ်- ၁၉ ရောဂါ တတိယလှိုင်းအတွင်း ဦးစားပေးအုပ်စုများဖြစ်သည့် ပထမအကြိမ်ကာကွယ် ဆေးထိုးနှံပြီးသူ သံဃာတော်/ သီလရှင်တွေနဲ့ လူပုဂ္ဂိုလ်များကို စုရပ်သုံးရပ်ဖြစ်တဲ့ မြို့တော်ခန်းမရယ် စည်းခုံကြီးဘုရားရှိ သာသနာ့ဗိမာန်တော်အတွင်းရယ်၊ သီတဂူအာယုဒါန ဆေးရုံတွေမှာ တစ်ပြိုင်တည်း ထိုးနှံပေးနေတာပါ။ ဩဂုတ်လဆန်းပိုင်းက ပထမ ထိုးနှံပြီးသူတွေကို အခုလ ၃၊ ၄၊ ၅၊ ၆၊ ၇ ရက်တွေမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေတဲ့ ပြည်သူတွေကိုအခု ဆက်လက်ထိုးနှံပေး တာပါ" ဟု ခရိုင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

           

စစ်ကိုင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စဉ်ဆက်မပြတ်ထိုးနှံပေးနေသလို ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက နှစ်(၇၀၀)အတွင်း နေ့စဉ်တနင်္လာ နေ့မှ သောကြာနေ့အထိ ပုံမှန် ကျန်းမာရေးစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

 

စစ်ကိုင်းခရိုင်( ပြန်/ဆက်)