ဘီယွန်းစေးရဲ့ တေးသီချင်းသစ် ထွက်ရှိ

အမေရိကန်ပေါ့ပ်ကြယ်ပွင့် ဘီယွန်းစေးဟာ လတ်တလောမှာ တေးသီချင်းသစ်တစ်ပုဒ်ကို ထုတ်လွှင့်ပေးခဲ့ကာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ကြောင်း သိရပါတယ်။ ပေါ့ပ်ကြယ်ပွင့်ဟာ တေးသီချင်းထုတ်လွှင့်ပေးမယ့်အကြောင်းကို ကြိုတင်အသိပေးခဲ့ခြင်းမရှိဘဲ ထုတ်လွှင့် ပေးခဲ့တာဖြစ်ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ဘီယွန်းစေးရဲ့ တေးသီချင်းသစ်ဟာ Black Parade လို့ အမည်ရပြီး ယမန်နေ့က စတင်ထုတ်လွှင့်ခဲ့တာပါ။ အဆိုပါနေ့ဟာ ၁၈၆၅ ခုနှစ်က အမေရိကန်မှာ ကျွန်ပြုမှုအဆုံးသတ် ခြင်းကို တရားဝင်ကျင်းပနိုင်ခဲ့တဲ့နေ့ရဲ့ နှစ်ပတ်လည်နေ့လည်းဖြစ်တယ်လို့ သိရပါတယ်။

 

အေးပြည့်-စုစည်းသည်