ဘော်လခဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိ

ဘောလခဲ အောက်တိုဘာ ၂၀ 

ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ ဘော်လခဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို အောက်တိုဘာ ၂၀ ရက် နံနက်(၈) နာရီအချိန်မှစ၍ ဘော်လခဲပြည်သူ့ဆေးရုံနှင့် အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ရောက်ရှိလာသော ပြည်သူများအား ခရိုင်၊ မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်းရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်အောင်နှင့် တာဝန်ရှိအဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံလျက်ရှိသော ပြည်သူများအား အာဟာရဖြည့်အစားအစာများအား ထောက်ပံ့ လှူဒါန်းပေးအပ်ခဲ့ကြသည်။ 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ တာဝန်ရှိဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီလျက်ရှိပြီး ကာကွယ်ဆေးလာရောက်ထိုးနှံသူပြည်သူများ စာရင်းမှတ်တမ်းပြုစုခြင်း၊ အောက်စီဂျင်တိုင်းတာပေးခြင်း၊ အပူချိန်တိုင်းပေးခြင်းတို့အပြင် သွေးပေါင်ချိန် တိုင်းပေးပြီးမှသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံပြီးသူများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း မိနစ်(၃၀)ခန့် အနားယူစေပြီး ထူးခြားမှု ရှိ/မရှိ စောင့်ကြည့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)