အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကျောင်းကုန်း အောက်တိုဘာ ၁၈

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ယနေ့နံနက် ၈ နာရီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOVAC (ပထမအကြိမ်)ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်တို့ ကြည့်ရှုအားပေးခဲ့ပြီး၊ နှာခေါင်းစည်း mask(၂၀၀)နှင့်လက်သန့်ဆေးရည်များ ပေးအပ်ခဲ့ကြသည်။

 

ယနေ့တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံပြီး၊ ပညာသင်ကြားနေသော အသက်(၁၂)နှစ်အထက် Grade -7, Grade-8, Grade-9, Grade-10, Grade-11 ကျောင်းသား ကျောင်းသူ(၂၅၀) အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

 

အောက်တိုဘာ  ၁၉ ရက်နေ့တွင်  Grade 6 ကျောင်းသားကျောင်းသူများအား  ဆက်လက်ထိုးနှံပေးမည်ဖြစ်ပြီး၊ အ‌မှတ်(၂)အခြေခံပညာအထက် တန်းကျောင်းမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)