အင်ဒိုနီးရှား၌ ခရီးသည် ၆၀ ကျော် လိုက်ပါတဲ့ လေယာဉ်တစ်စင်း ပျက်ကျ

ဂျကာတာ  ၉   ဇန်နဝါရီ

အင်ဒိုနီးရှားနိုင်ငံရဲ့ စရိဝီဂျာယာလေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စင်းဟာ ဂျကာတာရေပြင် မှာ ယနေ့ပျက်ကျသွားလို့ ဆင်ဟွာသတင်းအရ သိရပါတယ်။

ခရီးသည် ၅၆ ဦးနဲ့ လေယာဉ်အမှုထမ်းခြောက်ဦး လိုက်ပါတဲ့  ဘိုးရင်း ၇၃၇-၅၀၀ လေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာကနေ ဒီကနေ့ ထွက်ခွာခဲ့ပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားလို့ အာဏာပိုင် တွေက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ထရီဆူလာကမ်းခြေစောင့် သင်္ဘောမှူးရေတပ်ဗိုလ်မှူးကြီး အယ်ကိုဆူရီယာက လေယာဉ် ပျက်ကျခဲ့ပြီးတဲ့နောက် ဂျကာတာရေပြင်မှာပဲ လူ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေ့နဲ့ လေယာဉ်အကျိုးအပဲ့တွေကို တွေ့ရှိခဲ့တယ်လို့ ဒေသဆိုင်ရာရုပ်သံလွှင့်ဌာနသို့ ပြောကြားတယ်။

စရိဝီဂျာယာလေကြောင်းလိုင်းပိုင် SJ-182 အမျိုးအစား လေယာဉ်ဟာ ဂျကာတာမြို့မှာရှိတဲ့ ဆူကာနို အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ကာလီမန်တန်ပြည်နယ် ပွန်တီယာနာ့ခ်မြို့သို့ ဦးတည်ထွက်ခွာခဲ့ပြီးနောက် မိနစ်ပိုင်းအတွင်းမှာပဲ အခုလိုပျက်ကျသွားလို့ ၎င်းက ဆက်လက်ပြောကြားပါတယ်။

လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ၊ အသက်ကယ် အငျ်ကြီတွေနဲ့ လေယာဉ် အပိုင်းအစတွေကို ကျွန်တော်တို့ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ၎င်းက ဒေသဆိုင်ရာ ရုပ်သံလွှင့်ဌာနသို့ ထပ်ပြီးပြောကြားပါတယ်။

အာဏာပိုင်တွေဟာ လေယာဉ်ပျက်ကျတဲ့ သတင်းရရှိခဲ့ပြီးနောက် ကူညီကယ်ဆယ်ရေးအဖွဲ့ကို ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အခင်းဖြစ်တဲ့နေရာသို့ ချက်ချင်းစေလွှတ်ထားတယ်လို့သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်အောက်တိုဘာ ၂၉ ရက်က Lion Air လေကြောင်းလိုင်းမှ ခရီးသည် ၁၈၉ ဦးလိုက်ပါတဲ့ဘိုးရင်း ၇၃၇ Max အမျိုးအစား လေယာဉ်တစ်စင်း ဂျကာတာမြို့ကနေ ထွက်ခွာခဲ့ပြီးနောက် ခဏအတွင်း ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါတဲ့ ခရီးသည်အားလုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ