အင်အားပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ရှား 

၂၉ ဇူလိုင်

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅)နာရီ၊ (၀၉)မိနစ်၊ (၂၇)စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၂)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သပိတ်ကျင်းမြို့၏ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂.၈၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၅)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆.၃)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။

Credit. မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန