အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၃၀၅၇၀ ရှိလာ

စက်တင်ဘာ ၁၆

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၃၀၇၅၀ ရှိသဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၃၃၃၄၇၃၂၅ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၄၄၃၉၂၈ ဦးရှိလာသည်။

ထပ်မံကူးစက်ခံရမှုနှင့် သေဆုံးမှုအများဆုံးသည် ကီရာလာပြည်နယ်တောင်ပိုင်းမှဖြစ်သည်ဟု သိရသည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုရှိနေဆဲလူနာ ၃၄၂၉၂၃ ဦးရှိသည်။

ယနေ့အထိ ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းခွင့်ရရှိသူပေါင်း  ၃၂၅၆၀၄၇၄ ဦး ရှိလာသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို