အိန္ဒိယနိုင်ငံ၌ ကိုဗစ်- ၁၉ ကူးစက်ခံရသူပေါင်း ၃၁ သန်းကျော်ရှိ

နယူးဒေလီ ဩဂုတ် ၃

 

အိန္ဒိယနိုင်ငံ၌ ဩဂုတ် ၂ ရက်တွင် ကိုဗစ်-၁၉ နောက်ထပ် ကူးစက်ခံရသူ ၄ဝ၁၃၄ ဦး ထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်းကူးစက်ခံရသူ အရေအတွက်မှာ ၃၁၆၉၅၉၅၈ ဦးအထိ ရှိလာခဲ့သည်ဟု ကျန်းမာ ရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။

 

ဩဂုတ် ၁ ရက်တွင် ကိုဗစ်-၁၉ နှင့် ဆက်စပ်ပြီး သေဆုံးသူ ၄၂ ဦးရှိခဲ့သည့်အတွက် သေဆုံး သူစုစုပေါင်းမှာ ၄၂၄၇၇၃ ဦးအထိ ရှိလာခဲ့သည်။

 

နိုင်ငံအတွင်း ကိုဗစ်- ၁၉ လက်ရှိ ဖြစ်ပွားနေသူဦးရေမှာ ၄၁၃၇၁၈ ဦးရှိသည်။ ကောင်းမွန်စွာ ကုသပြီးနောက် ပြန်လည်ကျန်းမာလာသူ အရေအတွက်မှာလည်း ၃၀၈၅၇၄၆၇ ဦး ရှိသည်ဟု သိရသည်။

 

ဆင်ဟွာ