အီသီယိုးပီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၃၃၆၉၈ ဦး ရှိလာ

စက်တင်ဘာ ၂၁

အီသီယိုးပီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၃၇ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင့် ရောဂါကူးစက်ခံရသူပေါင်း ၃၃၃၆၉၈ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်ပြီး သေဆုံးသူ ၃၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူပေါင်း ၅၁၆၄ ဦးအထိ ရှိလာသည်။

ရောဂါကူးစက်ခံရပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၃၀၁၇၈၅ ဦးရှိသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားဆဲလူနာ ၂၆၇၄၇ ဦးရှိသည့်အနက် ၈၃၁ ဦးသည် ကျန်းမာရေးအခြေအနေဆိုးရွားနေကြောင်း ဖော်ပြထားသည်။

အီသီယိုးပီးယားနိုင်ငံသည် အာဖရိကတွင် ဒုတိယလူဦးရေအများဆုံးနိုင်ငံဖြစ်သည်။

အရှေ့အာဖရိကဒေသတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအများဆုံးနိုင်ငံလည်း ဖြစ်သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို